
နောက်ကျောဒဏ်ရာရရှိခဲ့တဲ့ ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်ဟာ မန်စီးတီးနဲ့ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပြန်လည် ပါဝင်နိုင်မယ်လို့သိရပါတယ်။
ရိုက်စ်ဟာ စပါးအသင်းနဲ့ နှစ်ဂိုးစီသရေကျခဲ့တဲ့ မြောက်လန်ဒန်ဒါဘီမှာ နောက်ကျော ဒဏ်ရာကြောင့် ပထမပိုင်းအပြီးမှာပဲ လူစားလဲခဲ့ရတာပါ။
ဒဏ်ရာအခြေအနေကို ကနဦး စစ်ဆေးမှုအရ ပြင်းထန်မှုမရှိတာကြောင့် အောက်တိုဘာ ၈ ရက်မှာကစားမယ့် မန်စီးတီးနဲ့ပွဲမှာ သေချာပေါက် ပါဝင်ကစားနိုင်တော့မှာပါ။
ရိုက်စ်ဟာ စက်တင်ဘာ ၂၈ ရက်မှာကစားမယ့် ဘရန့်ဖို့ဒ်နဲ့ လိဂ်ရှုံးထွက်ဖလားပွဲမှာတော့ ပါဝင် နိုင်မှာမဟုတ်ဘဲ စက်တင်ဘာ ၃၀ ရက်မှာ ကစားမယ့် ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင် ကစားနိုင်ဖို့ကတော့မသေချာသေးဘူးလို့သိရပါတယ်။
တခြားကစားသမားတွေဖြစ်တဲ့ မာတင်နယ်လီနဲ့ ထရော့ဆတ်တို့ရဲ့ ဒဏ်ရာအခြေအနေဟာလည်း ရက်သတ္တပတ်တစ်ခုထက်ပိုပြီး အနားယူရမှာ မဟုတ်ဘူးလို့သိရပါတယ်။
Photo-Reuters










