DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် PDF စခန်း ၂ ခုကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး
DVB
·
September 25, 2023
မုံရွာတွင် PDF စခန်း ၂ ခုကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲက ကျေးရွာတွေအနီးမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ် (Local) စခန်းခွဲ ၂ ခုကို စစ်ကောင်စီ မြေပြင်စစ်ကြောင်းက စီးနင်းဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၂၄ ရက် မနက် ၆ နာရီလောက်က နဂါးတွင်းကျေးရွာနဲ့ ကျွန်းရွာသစ်အနီးကို မုံရွာတဖက်ကမ်းကနေ ဖလက်ခွံစစ်ရေယာဥ်နဲ့ စီးနင်းလိုက်ပါလာတဲ့ စစ်ကောင်စီ မြေပြင်စစ်ကြောင်း အင်အား ၂ဝဝ ခန့်က ချဥ်းကပ်ခဲ့ပြီး မနက် ၇ နာရီ ၄ဝ ခန့်ကစတင်ကာ ကျေးရွာအပြင်ဘက် တောထဲမှာရှိတဲ့ စခန်းငယ် ၂ ခုကို မီးရှို့ဖျက်ဆီးခဲ့တာလို့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက ဒီဗွီဘီကို ပြောပါတယ်။

“ဒေသခံ PDF စခန်းနှစ်ခု မီးရှို့ခံရတာပါ။ စုပေါင်းပျက်စီးမှုအနေနဲ့ တဲနှစ်လုံး၊ ဆိုင်ကယ်နှစ်စီး ၁၀ သိန်းကျော်ခန့် မီးလောင်သွားတယ်။ ယူနီဖောင်း ၁၀ စုံနဲ့ ဖိနပ် ၁၀ ရံခန့် ပါသွားတယ်။ စျေးဆိုင်လေးဆိုင်ခန့်နဲ့ ပြည်သူ့အိမ်တချို့ ဖောက်ထွင်းမွှေသွားပါတယ်။ ကျေးရွာဘက်ကိုတော့ ကြီးကြီးမားမား မလုပ်သွားဘူး။ မနက် ၄ နာရီကတည်းက မုံရွာကနေ ဖလက်ခွံ ၂ စင်းနဲ့ လာတာပါ။ ရွာနားရောက်ခါနီးမှ သေနတ်ပစ်သံကြားတာ။ သူတို့ စရောက်တာကတော့ သိတယ်။ မနက်ကတည်းကသိတာ။ ၄ နာရီကတည်းကရောက်တာ။ မနက် ၆ နာရီမှ စစစ်ကြောင်းထိုးပြီး ၇ နာရီကျော်မှာ စရှို့တာပါပဲ။”

မီးရှို့ခံရတဲ့ ပြည်သူ့ကာကွယ်ရေးတပ် (Local စခန်း) တခုနဲ့ တပ်ရင်းတခုက တပ်ခွဲစခန်းခွဲကို မီးရှို့သွားတာဖြစ်ပြီး လုံခြုံရေးအရ ထပ်မံလာရောက်စစ်ကြောင်းထိုးမှာ စိုးရိမ်ရလို့ နာမည်ကို ပြောကြားလို့ မရသေးဘူးလို့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာ ကျွန်းရွာသစ်နဲ့ နဂါးတွင်းရွာကို စစ်ကြောင်းထိုးကာ ပြည်သူ့ကာကွယ်ရေး တပ်စခန်းကို ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းက ဆူးလေကုန်း၊ ထန်းလေးပင်၊ ညောင်ပင်သာ၊ မအူ စတဲ့ရွာတွေကို ဖြတ်သန်းကာ မြို့ထဲကို ပြန်လည်ဝင်ရောက်ပြီဖြစ်တယ်လို့ သိရပြီး အာဏာသိမ်းချိန်ကစတင်ကာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုး ဖျက်ဆီးမှုကြောင့် ၂ဝ၂၃ ဇူလိုင်လကုန်အထိ စစ်ကိုင်းတိုင်းထဲမှာ စစ်ရှောင်ဦးရေ ၈၀၀,၀၀၀ နီးပါးရှိနေပြီ ဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးမှူးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013