DVB Logo
Home
အားကစား
မြန်မာအမျိုးသမီးအသင်း ဟောင်​ကောင်ကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ
DVB
·
September 25, 2023
မြန်မာအမျိုးသမီးအသင်း ဟောင်​ကောင်ကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ
Donate to DVB

၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုဒုတိယမြောက် ပဲွစဥ်ကို တရုတ်နိုင်ငံ ဟန်ကျိုးမြို့မှာ စက်တင်ဘာ ၂၅ ရက်က ယှဥ်ပြိုင်ကစားခဲ့ရာ မြန်မာ ယူ-၂၄ အမျိုးသမီးအသင်းက ဟောင်ကောင် ယူ-၂၄ အမျိုးသမီးအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ ဟောင်ကောင်အမျိုးသမီးအသင်းကို ခက်ခက်ခဲခဲ ကစားခဲ့​ရပြီး ၆၉ မိနစ်မှာ သွင်းယူခဲ့တဲ့ လူစားဝင်ကစားသမား မြတ်နိုးခင်ရဲ့ တလုံးတည်းသော အနိုင်ဂိုးကြောင့်သာ နိုင်ပွဲရခဲ့တာ ဖြစ်ပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဥ်အဖြစ် ဖိလစ်ပိုင်အမျိုးသမီးအသင်းနဲ့ စက်တင်ဘာ ၂၈ ရက် မြန်မာစံတော်ချိန် ည ၆ နာရီမှာ ကစားရမှာဖြစ်ပြီး ဒီပွဲမှာ အနိုင် ဒါမှမဟုတ် သရေကစားနိုင်မှ နောက်တဆင့်ကို တက်ရောက်ဖို့ သေချာမှာဖြစ်ပါတယ်။

Photo-MFF

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013