DVB Logo
Home
Lead Story
အကြိမ် ၂၀ မြောက် အာရှအားကစားပြိုင်ပွဲ ပိတ်သိမ်း၊ တရုတ်က ရွှေတံဆိပ်အများဆုံးဖြင့် ဗိုလ်စွဲ  (ဓာတ်ပုံ)
DVB
·
October 5, 2026
အကြိမ် ၂၀ မြောက် အာရှအားကစားပြိုင်ပွဲ ပိတ်သိမ်း၊ တရုတ်က ရွှေတံဆိပ်အများဆုံးဖြင့် ဗိုလ်စွဲ  (ဓာတ်ပုံ)
1 / 13
Photo: Reuters
Donate to DVB

ဂျပန်နိုင်ငံ၊ အိုက်ချိနာဂိုယာမှာ ကျင်းပတဲ့ အကြိမ် ၂၀ မြောက် အာရှအားကစားပြိုင်ပွဲပြီးစီးသွားပြီ ဖြစ်ပြီး တရုတ်နိုင်ငံက ရွှေတံဆိပ် ၁၆၉ ခုအပါအဝင် ဆုတံဆိပ် စုစုပေါင်း ၃၄၁ ခုနဲ့ ဗိုလ်စွဲသွားပါတယ်။

အိမ်ရှင် ဂျပန်နိုင်ငံကတော့  ရွှေတံဆိပ် ၈၃ ခုအပါအဝင် ဆုတံဆိပ် ၂၆၉ ခု ရရှိပြီး တရုတ်နိုင်ငံရဲ့ နောက်မှာ ဒုတိယ အဆင့် ၂  နေရာ ဆွတ်ခူးရရှိခဲ့ပါတယ်။

ဒီပြိုင်ပွဲဟာ ဂျပန်နိုင်ငံရဲ့ သမိုင်းတလျှောက်မှာ အာရှအားကစားပြိုင်ပွဲဝင် အားကစားသမား အရေအတွက် အများဆုံး စေလွှတ်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး စုစုပေါင်း ဆုတံဆိပ် ၂၆၉ ခုနဲ့ နိုင်ငံရဲ့ စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။

အောက်တိုဘာ ၄ ရက်က နာဂိုယာမြို့၊ ပါလိုမာမီဇူဟိုအားကစားကွင်းကြီးမှာ ကျင်းပခဲ့တဲ့ အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားမှာတော့ အမျိုးသား မီတာ ၂၀၀ ရေကူး ကမ္ဘာ့စံချိန်သစ်စိုက်ထူနိုင်ခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် ရေကူးအားကစားသမား အိုဟာရှိ ရှင်က ဂျပန်နိုင်ငံရဲ့ အလံကို ကိုင်ဆောင်ခဲ့ပါတယ်။

အာရှအားကစားပြိုင်ပွဲရဲ့ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ အိမ်ရှေ့မင်းသား အာကီရှီနိုနဲ့ အိမ်ရှေ့မင်းသမီး ကီကို တို့လည်း ပိတ်ပွဲအခမ်းအနားကိုတက်ရောက်ခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခက်အခဲတွေ၊ နိုင်ငံတော်သီချင်းမှားယွင်းတီးခတ်မှုတွေ လည်း ရှိခဲ့ပါတယ်။

ကစားနည်း ၄၃ မျိုး ပါဝင်သော ၁၆ ရက်တာ အစီအစဉ်အများစုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။

၁၆ ရက်တာ ကျင်းပခဲ့တဲ့ အကြိမ် ၂၀ မြောက် အာရှအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံနဲ့ ဒေသပေါင်း ၄၅ ခုက အားကစားသမားပေါင်း ၁၅,၀၀၀ ကျော်က ကစားနည်း ၄၃ မျိုး  မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာပါ။

ဒီပြိုင်ပွဲမှာ မြန်မာနိုင်ငံကတော့ ရွှေတံဆိပ် ၂ ခု ၊ ငွေတံဆိပ် ၁ ခု၊ ကြေးတံဆိပ် ၂ ခု စုစုပေါင်း ဆုတံဆိပ် ၅ ခုနဲ့ နိုင်ငံအလိုက်အဆင့်  ၂၄  မှာ ရပ်တည်ခဲ့ပါတယ်။

မြန်မာအသင်းဟာ တက်ဂ်ဘောကစားနည်းနဲ့  Esports  MLBB (Mobile Legends: Bang Bang) ပြိုင်ပွဲတွေကနေ ရွှေတံဆိပ်ဆု  ၂ ခုရခဲ့တာဖြစ်ပါတယ်။

ဂျပန်နိုင်ငံဟာ အာရှအားကစားပြိုင်ပွဲတွေကို  ၁၉၅၈ ခုနှစ်တုန်းက တိုကျိုမြို့မှာ တကြိမ် ၁၉၉၄ ခုနှစ်တုန်းက ဟီရိုရှီးမားမှာ တကြိမ်ကျင်းပခဲ့ပြီး အခုတကြိမ်ဟာ တတိယအကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပတာဖြစ်ပါတယ်။

နောက်ထပ် ကျင်းပမဲ့ ၂၀၃၀ အာရှအားကစားပြိုင်ပွဲကိုတော့  ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ လက်ခံကျင်းပဖို့  လျာထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013