DVB Logo
Home
မြန်မာသတင်း
ကလေးမြို့နယ်က စစ်ဘေးရှောင် ၄၀၀ ကျော်နှင့် ကျောင်းသားများကို ထောက်ပံ့
DVB
·
September 25, 2023
ကလေးမြို့နယ်က စစ်ဘေးရှောင် ၄၀၀ ကျော်နှင့် ကျောင်းသားများကို ထောက်ပံ့
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက စစ်ဘေးရှောင်‌တွေကို ဆန်တင်း ၁၀၀ ကျော်နဲ့ စစ်ရှောင်ကလေးငယ်တွေရဲ့ ပညာရေးအတွက် ကျောင်းသုံးစရိတ်တချို့ကို လူသားချင်း စာနာကူညီရေးအဖွဲ့က ထောက်ပံ့ပေးခဲ့ ပါတယ်။

စက်တင်ဘာ ၂၃ ရက်က ကြံသာရွာနဲ့ ဟံသာဝတီရွာက စစ်ဘေးရှောင်အိမ်ထောင်စု ၁၀၁ စု၊ လူဦးရေ ၄၅၂ ဦးအတွက် ဆန် ၁၀၁ အိတ်ကို ကူညီထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။

ကလေးမြို့နယ်က စစ်ဘေးရှောင်တွေ ကူညီပေးနေတဲ့ ကိုနေ့သစ်က  “ကျနော်တို့အဖွဲ့က ကြံသာနဲ့ ဟံသာဝတီ ပျူရွာက ထွက်ပြေးလာတဲ့ စစ်ရှောင်တွေကို ကူညီခဲ့တာပါ။ ဆန်ဈေးကလည်း ဆန်ကြမ်းတတင်းကိုတောင် ၈ သောင်းကျော်ဆိုတော့ စစ်ရှောင်တွေ တော်တော်ခက်ခဲကြတယ်။ ကလေးတွေရဲ့ ကျောင်းသုံးစရိတ်အတွက်လည်း ငွေကျပ် ၂ သိန်း ထောက်ပံ့ခဲ့သေးတယ်” လို့ ပြောပါတယ်။

ဆက်လက်ပြီး မိမိတို့ လူသားချင်းစာနာကူညီရေးအဖွဲ့ အနေနဲ့ စစ်ရှောင်တွေကို ထောက်ပံ့ကူညီပေးသွားဦးမှာ ဖြစ်တာကြောင့် ပြည်တွင်းပြည်ပက အလှူရှင်တွေအနေနဲ့ မိမိတို့ လူသားချင်းစာနာကူညီရေးအဖွဲ့ကို ထောက်ပံ့လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

လက်ရှိ ကလေးမြို့နယ်မှာ စစ်ဘေးရှောင်တွေ တိုးလာတာနဲ့ အကူအညီတွေ ဆက်လက်လိုအပ်နေဆဲဖြစ်ပြီး စစ်ရှောင်စခန်းတွေလည်း ထပ်မံဖွင့်လှစ်ဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ဘေးရှောင်စခန်း ၁၀ ခုကျော်ရှိပြီး စစ်ဘေးရှောင်ဦးရေ ၃၀,၀၀၀ ကျော် နေထိုင်တယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေရဲ့ စစ်တမ်းအရ သိရပါတယ်။

ဓာတ်ပုံ-TRZ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013