DVB Logo
Home
မြန်မာသတင်း
YBS ယာဥ်လိုင်းအချို့  နံပါတ်အသစ်ဖြင့် ပြောင်းလဲပြေးဆွဲ
DVB
·
September 25, 2023
YBS ယာဥ်လိုင်းအချို့  နံပါတ်အသစ်ဖြင့် ပြောင်းလဲပြေးဆွဲ
Donate to DVB

ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေတဲ့ YBS ယာဥ်လိုင်းတွေထဲက လမ်းကြောင်းတခုတည်းမှာ ပြေးဆွဲနေတဲ့ နံပါတ်တူ YBS ယာဥ်လိုင်းတချို့ကို နံပါတ်အသစ်နဲ့ ပြောင်းလဲပြေးဆွဲပေးမှာ ဖြစ်​တယ်လို့ ယာဥ်လိုင်းတွေက ထုတ်ပြန်ကြေညာပါတယ်။

အဲ့ဒီယာဉ်လိုင်းတွေကို အောက်တိုဘာ ၁ ရက်မှ စတင်ကာ နံပါတ်အသစ်တွေ ပြောင်းလဲပေမဲ့ ခရီးစဥ်လမ်းကြောင်း အပြောင်းအလဲမရှိ ပြေးဆွဲမှာဖြစ်တယ်လို့ ဆိုပါတယ်။

YBS ယာဥ်မောင်းတဦးက “တရားဝင် စာထွက်မလာသေးဘူး။ အက်ဒ်မင်တွေက YRTC မှာလည်း ရှိတယ်လေ။ အတွင်းသတင်းရလာတော့ တင်လို့ရလို့ အတည်ပြုပြီးလို့ တင်တာ” လို့ ပြောပါတယ်။

YBS ယာဥ်လိုင်းနံပါတ် ပြောင်းလဲပြေးဆွဲမယ့်ကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်မှု ကော်မတီ  (YRTC) က တရားဝင် ထုတ်ပြန်ထားတာ မရှိပေမဲ့ YBS လမ်းညွှန် group နဲ့ page တွေမှာ ကြေညာထားတာကြောင့် လူမှုကွန်ရက်စာမျက်နှာကတဆင့် သတင်းတွေ ပျံ့နှံ့ခဲ့တာပါ။

ရန်ကုန်တိုင်းအတွင်း လမ်းကြောင်းတခုတည်းမှာ ကုမ္ပဏီနှစ်ခုက ပြေးဆွဲနေတဲ့ လိုင်းတွေကို လိုင်းနံပါတ်​ ပြောင်းမှာဖြစ်​ပြီး ကုမ္ပဏီ ၂ ခု ဖြစ်တာကြောင့် လိုင်းနံပါတ်ကို မဲနှိုက်ပြီး ပြောင်းပစ်မှာဖြစ်တယ်လို့ ယာဥ်မောင်းတွေဆီက သိရပါတယ်။

လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရ နံပါတ်ပြောင်းလဲသတ်မှတ်မယ့် ယာဥ်လိုင်းတွေမှာ YBS ၂၁၊ ၇၉၊ ၄၊ ၈၊ ၁၀၊ ၁၁၊ ၁၅၊ ၁၇၊ ၂၉၊ ၃၉၊ ၄၀၊ ၅၉ နဲ့ ၆၅ ယာဥ်လိုင်းတွေ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂ ရက်ကလည်း ယာဥ်လိုင်းတူပြီး ဂိတ်ရင်း၊ ဂိတ်ဖျား မတူတဲ့ YBS ယာဥ်လိုင်းတွေ နံပါတ်ပြောင်းလဲ သတ်မှတ်တာကို တကြိမ်ပြုလုပ်ခဲ့ပြီး ယာဥ်လိုင်းနံပါတ် အသစ် ၁၅ ခုကို ပြောင်းလဲပြေးဆွဲသွားမယ်လို့ ယာဥ်မောင်းတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013