DVB Logo
Home
အားကစား
ကမ္ဘာ့ဖလားရစဉ်က အသိအမှတ်ပြုမှု မရခဲ့ဟု မက်ဆီပြောဆိုချက်ကို  PSG တုံ့ပြန်
DVB
·
September 25, 2023
ကမ္ဘာ့ဖလားရစဉ်က အသိအမှတ်ပြုမှု မရခဲ့ဟု မက်ဆီပြောဆိုချက်ကို  PSG တုံ့ပြန်
Donate to DVB

၂၀၂၂ ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်ခဲ့စဉ်က ပီအက်စ်ဂျီအသင်းရဲ့ အသိအမှတ်ပြုမှုမရရှိခဲ့ကြောင်း မက်ဆီရဲ့ ပြောဆိုချက်ကို အသင်းဥက္ကဋ္ဌ အယ်လ်ခါလိုင်ဖီက ပြန်လည်တုံ့ပြန်သွားပါတယ်။

မက်ဆီဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရရှိခဲ့တာပါ။

ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းက ကစားသမားအားလုံးဟာ သက်ဆိုင်ရာကလပ် တွေရဲ့ အသိအမှတ်ပြုမှုနဲ့ ဂုဏ်ပြုမှုရရှိခဲ့ပေမဲ့ သူကတော့ ပီအက်စ်ဂျီရဲ့ အသိအမှတ်ပြုမှု မရခဲ့ကြောင်း မက်ဆီက ပြောခဲ့တာပါ။

အသင်းဥက္ကဋ္ဌ အယ်လ်ခါလိုင်ဖီကတော့ မက်ဆီကို လေ့ကျင့်ရေးကွင်းမှာ ဂုဏ်ပြုပွဲ လုပ်ပေးခဲ့တာကို အသင်းဘက်က တရားဝင်ထုတ်ပြန်ခဲ့သလို တစ်ဦးချင်းအရလည်း ဂုဏ်ပြု ပေးခဲ့ကြောင်းပြောပါတယ်။

ဒါပေမဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ပြင်သစ်နိုင်ငံက ကလပ်ဖြစ်တာကြောင့် ကွင်းထဲမှာ အောင်ပွဲခံဖို့ကတော့ အထိအခိုက်မခံတဲ့ကိစ္စ ဖြစ်ခဲ့ကြောင်း၊  အသင်းဖော် ပြင်သစ်အသင်း သားတွေနဲ့ ပရိသတ်တွေကို လေးစားမှု ရှိရမှာဖြစ်ကြောင်း အယ်လ်ခါလိုင်ဖီက ပြန်လည်ရှင်းလင်းခဲ့ ပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013