DVB Logo
Home
နိုင်ငံတကာ
တောင်တရုတ်ပင်လယ်တွင်း ငါးမဖမ်းနိုင်ရန် တရုတ်က အရံအတားများ တပ်ဆင်နေဟု ဖိလစ်ပိုင် ပြော
DVB
·
September 24, 2023
တောင်တရုတ်ပင်လယ်တွင်း ငါးမဖမ်းနိုင်ရန် တရုတ်က အရံအတားများ တပ်ဆင်နေဟု ဖိလစ်ပိုင် ပြော
Donate to DVB

တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားနေတဲ့ ဧရိယာထဲကို ဖိလစ်ပိုင်က ဝင်ပြီး ငါးဖမ်းလို့ မရအောင် တရုတ်ကမ်းရိုးတန်းစောင့်တပ်က ဖြုတ်လို့တပ်လို့ရတဲ့  အရံအတားတွေကို အရှင် တပ်ဆင်နေတယ်လို့ ဖိလစ်ပိုင်အစိုးရက စက်တင်ဘာ ၂၄ ရက်မှာ ပြောဆို စွပ်စွဲလိုက်ပါတယ်။

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က ဖြန့်ချိတဲ့ ဗီဒီယိုဖိုင် ထဲမှာ စက်တင်ဘာ ၂၀ ရက်က ရေမျော အတားအဆီးတွေ နားမှာ တရုတ်ကမ်းခြေစောင့်သင်္ဘော အများအပြားကို ပြသထားပါတယ်။

ဖိလစ်ပိုင်အစိုးရ ကမ်းရိုးတန်းစောင့်တပ်၊ ငါးလုပ်ငန်းနဲ့ ရေနေအရင်းအမြစ်ဗျူရိုတို့က စက်ကားဘိုရို ရေတိမ်သောင်ခုံရဲ့ အစိတ်အပိုင်းပေါ်မှာ တရုတ်က အတားအဆီးတွေ တပ်ဆင်တာကို ပြင်းပြင်း ထန်ထန် ရှုတ်ချတယ်လို့ ကမ်းခြေစောင့်တပ်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး ဂျေး တယ်ရီယယ်လာက X ဆိုရှယ်မီဒီယာ ပလပ်ဖောင်းပေါ်မှာ ရေးသား ဖော်ပြခဲ့ပါတယ်။

မနီလာမြို့တော်က တရုတ်သံရုံးက မှတ်ချက် ပေးဖို့ တောင်းဆိုချက်တွေကို ချက်ချင်း အကြောင်း မပြန်ပါဘူး။ 

တောင်တရုတ်ပင်လယ်ရဲ့ ၉၀ ရာခိုင်နှုန်းကို ပိုင်တယ်လို့ တရုတ်နိုင်ငံက အခိုင်အမာ ပြောထားပြီး ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း၊ အင်ဒိုနီးရှားနဲ့  ဖိလစ်ပိုင်တို့ရဲ့ သီးသန့်စီးပွားရေးဇုန် ဧရိယာတွေနဲ့ နေရာ ထပ်နေလို့ အငြင်းပွားနေတာပါ။ 

တရုတ်ပြည်မကြီးအစိုးရဟာ ၂၀၁၂ ခုနှစ်မှာ စက်ကားဘရို ရေတိမ်သောင်ခုံကို သိမ်းပိုက်ခဲ့ပြီး ဖိလစ်ပိုင်မှ ငါးဖမ်းသမားတွေကို ငါးအရနည်းတဲ့ ပိုဝေးတဲ့နေရာဆီ ငါးသွားဖမ်းဖို့ ဖိအားပေးခဲ့ပါတယ်။ 

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013