DVB Logo
Home
မြန်မာသတင်း
တိုင်းနှင့်ပြည်နယ်ဖြတ်ကျော်ပြီး ဆန်မဝယ်ရန် ဆန်စပါးအသင်းညွှန်ကြား
DVB
·
September 24, 2023
တိုင်းနှင့်ပြည်နယ်ဖြတ်ကျော်ပြီး ဆန်မဝယ်ရန် ဆန်စပါးအသင်းညွှန်ကြား
Donate to DVB

ပြည်ပကိုဆန်တင်ပို့သူတွေအနေနဲ့ ဆန်ဝယ်ယူတဲ့အခါ သက်ဆိုင်ရာကုန်စည်ဒိုင်တွေက ဦးစားပေးဝယ်ယူဖို့နဲ့ တိုင်းနဲ့ပြည်နယ်ဖြတ်ကျော် စပါးဝယ်ယူတာကို ကြိုတင်အသိပေး ခွင့်ပြုချက်မရှိဘဲ မလုပ်ဖို့ကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန် လိုက်ပါတယ်။ 

ဆန်စပါးအသင်းဝင်တယောက်က “ရည်ရွယ်ချက်ကတော့ ကိုယ့်ဒေသမှာ ရှိသလောက်ပဲ ရောင်းဝယ်စေချင်တဲ့သဘောလို့ ယူဆရပါတယ်။ တခြား သတ်မှတ်ချက်တွေလည်း ရှိသေးတယ်။ ဥပမာ ကန်ထရိုက်လယ်ယာ လုပ်တာမျိုးတွေ ဆိုရင်တော့ ‌ဒီဒေသကနေ တခြားဒေသမှာ သိုလှောင်တာတွေ လုပ်လို့ရတာမျိုးပေါ့” လို့ ပြောပါတယ်။  

ဆန်စက်တွေနဲ့ စပါးစိုက်တောင်သူတို့ ပူးပေါင်းဆောင်ရွက်သွားမယ့် စိုက်ပျိုးထုတ်လုပ်မှု နဲ့ ကြိတ်ခွဲထုတ်လုပ်မှု တိုးတက်ရေး MSME Engagement စီမံချက်တွေကိုလည်း ပြည်ပဆန်တင်ပို့မယ့်သူတွေက အကူအညီပေးရမယ်လို့ သိရပါတယ်။  

ဆန်စပါးကုန်သည်တွေအနေနဲ့ ကုန်သွယ်မှုသက်သက်မဟုတ်ဘဲ ထုတ်လုပ်မှုကွင်းဆက် ဖွံ့ဖြိုးရေးကို အကျိုးပြုတဲ့ပုံစံနဲ့ ပြောင်းလဲကြဖို့လည်း ဆန်စပါးအသင်းက တိုက်တွန်း ထားပါတယ်။

ဆန်စပါးဈေးကွက်ကို ထိခိုက်စေမယ့် ဝယ်ယူစုဆောင်းတာတွေကို လုံးဝမပြုလုပ်ဖို့နဲ့ ပြုလုပ်ရင် ဥပဒေနဲ့ဆန့်ကျင်တဲ့ တရားမဝင်ကုန်သွယ်မှုဆိုင်ရာ သတင်းတွေကို အသင်းချုပ် ဒါမှမဟုတ် ကုန်စည်ဒိုင်တွေကို အမည်မဖော်ပြဘဲ တင်ပြအသိပေးတဲ့ (Whistle blower) အစီအစဉ်ကို ပြုလုပ်သွားမယ်လည်း သိရပါတယ်။

မြို့နယ်၊ တိုင်းနဲ့ပြည်နယ်အဆင့် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့တွေဖွဲ့ဖို့ကိုလည်း ညွှန်ကြားထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013