DVB Logo
Home
နိုင်ငံတကာ
ကင်ညာတွင် သစ်ကုလားအုတ်များကို   GPS ခြေရာခံစနစ် တပ်ဆင်ပေး 
DVB
·
September 24, 2023
ကင်ညာတွင် သစ်ကုလားအုတ်များကို   GPS ခြေရာခံစနစ် တပ်ဆင်ပေး 
Donate to DVB

ကင်ညာနိုင်ငံမှာ သစ်ကုလားအုတ်တွေ အကောင်ရေ လျော့နည်းလာမှုကို ကာကွယ်ဖို့ ကြိုးပမ်းမှုအနေနဲ့ မဆိုင်းမာရာအမျိုးသားဘေးမဲ့တောရှိ တောရိုင်းတိရစ္ဆာန် ဆေးကုဆရာဝန်နဲ့ သစ်တောစောင့်ရိန်းဂျားတွေဟာ စက်တင်ဘာလ ၂၀ ရက်မှည သစ်ကုလားအုတ် ၂၅ ကောင်ကို GPS ခြေရာခံ စနစ်တွေ တပ်ဆင်ခဲ့ပါတယ်။

သစ်ကုလားအုတ် ထိန်းသိမ်းရေး ဖောင်ဒေးရှင်းနဲ့ ဆဗားနားခြေရာခံခြင်းကုမ္ပဏီတို့ ၂၀၁၇ ခုနှစ်မှာ စတင်လုပ်ဆောင်ခဲ့တဲ့ ဒီပဏာမ ဆောင်ရွက်ချက်ဟာ ကင်ညာနိုင်ငံတဝန်းက သစ်ကုလားအုတ်တွေရဲ့ မတူကွဲပြားတဲ့ နေထိုင်တဲ့ တည်နေရာတွေကို စောင့်ကြည့်ဖို့ ရည်ရွယ်တာဖြစ်ပြီး ထိန်းသိမ်းရေးဗျူဟာတွေကို အထောက်အကူဖြစ်စေဖို့ အရေးကြီးတဲ့ အချက်အလက်တွေကို ပံ့ပိုးပေးပါတယ်။

အာဖရိကနိုင်ငံ ၂၅  နိုင်ငံမှာ  သစ်ကုလားအုတ် အရေအတွက် သိသိသာသာ ကျဆင်းလာနေပြီး ကင်ညာမှာ ၁၉၉၀ ပြည့်လွန်နှစ်တွေ အလယ်ပိုင်းကာလမှ စတင်ကာ  သစ်ကုလားအုတ် အကောင်ရေ  ၅၀  ရာခိုင်နှုန်းကနေ ၈၀  ရာခိုင်နှုန်း အထိ လျော့ကျခဲ့ပါတယ်။ 

ဒီနိုင်ငံမှာ သစ်ကုလားအုတ် အရေအတွက်က အချိန်နဲ့အမျှ လျော့နည်းလာပြီး သူတို့ရဲ့ ခြိမ်းခြောက်မှုတွေက နေရင်းဒေသတွေ ဆုံးရှုံးသွားတာနဲ့ ရာသီဥတု ဖောက်ပြန်မှုတို့ကြောင့် ဖြစ်ကြောင်း တောရိုင်းတိရစ္ဆာန်ဆေးကုဆရာဝန် ဒေါက်တာ မူကာမိ ရူးရိုက ပြောပါတယ်။

မိုးရာသီထက် ခြောက်သွေ့ရာသီက ကာလပိုရှည်လာတာကြောင့် သစ်ကုလားအုတ်တွေဟာ အခုလူတွေ အခြေချနေထိုင်ရာဒေသတွေကို ရွှေ့ပြောင်းနေထိုင်ဖြစ်ဖို့ တွန်းအားပေးနေတာကြောင့် ဒီလိုမျိုး သွားလာလှုပ်ရှားမှုတွေဟာ လူနဲ့ တောရိုင်းတိရစ္ဆာန်တွေကို ပဋိပက္ခ ဖြစ်စေတယ်လို့ ပြောပါတယ်။

ခြေရာခံယူနစ်တွေမှတဆင့် ပေးထားတဲ့ အချက်အလက်တွေဟာ တိရစ္ဆာန်တွေ သူတို့ရဲ့ နေထိုင်ရာနေရာကို ဘယ်လိုအသုံးပြုပုံနဲ့ မျိုးစိတ်ထိန်းသိမ်းဖို့ သူတို့ပိုင်ဆိုင်တဲ့ ဧရိယာတွေကို ဘယ်လိုစီမံခန့်ခွဲရမှာကို နားလည်နိုင်စေမှာဖြစ်ကြောင်း  သစ်ကုလားအုတ် ထိန်းသိမ်းရေး အရှေ့အာဖရိက ညှိနှိုင်းရေးမှူး အာသာမူနီဇာက ပြောပါတယ်။ 

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013