
ငယ်စဉ်တုန်းက လီဗာပူးလ်အသင်းရဲ့ အမာခံပရိသတ်ဖြစ်ခဲ့ဖူးတယ်လို့ စပါးအသင်းနည်းပြ ပို့စ်တီကိုဂလူက ဝန်ခံပြောသွားပါတယ်။
ဂရိနိုင်ငံမှာမွေးဖွားခဲ့တဲ့ သြစတြေးလျနိုင်ငံသား ပို့စ်တီကိုဂလူဟာ ၁၉၇၀ ဝန်းကျင်က လီဗာပူးအသင်းရဲ့ ကစားပုံကို အရူးအမူး အားပေးနှစ်သက်ခဲ့ပြီး ငယ်စဉ်ကဘဝကို လွှမ်းမိုးမှု အများကြီးရှိခဲ့တယ်လို့ ပြောပါတယ်။
နည်းပြ ပို့စ်တီကိုဂလူက “ကျနော်က လီဗာပူးလ်အမာခံပရိသတ်ဖြစ်ခဲ့ ဖူးတယ်။ ဘေလ်ရှန်ကလေကို သဘောကျခဲ့ပြီး ဖိနပ်အခန်းကနေ အရာအားလုံးအထိ သဘောကျခဲ့တယ်။ ၁၉၇၀ ၀န်းကျင်က လီဗာပူးရဲ့ ဘောလုံး ပိုင်ဆိုင်မှုအသာနဲ့ ကစားခဲ့ပုံက ဆွဲဆောင်မှုရှိခဲ့တယ်” လို့ ပြောပါတယ်။
သူဟာ အခုနှစ်ရာသီမှာ စပါးအသင်းကို တာဝန်ယူခဲ့ပြီး ပွဲစဉ် ၅ ပွဲအပြီးမှာ ၄ ပွဲနိုင် ၁ ပွဲသရေ ရလဒ်နဲ့ ပုံစံကောင်းရရှိအောင် ဦးဆောင်နိုင်ခဲ့ သူဖြစ်ပါတယ်။
Photo-Reuters











