DVB Logo
Home
အားကစား
နည်းပြပို့စ်တီကိုဂလူနေရာအတွက် လျာထားစာရင်းတွင် ပရီးမီးယားလိဂ် နည်းပြ ၂ ဦးပါဝင်
DVB
·
March 19, 2025
နည်းပြပို့စ်တီကိုဂလူနေရာအတွက် လျာထားစာရင်းတွင် ပရီးမီးယားလိဂ် နည်းပြ ၂ ဦးပါဝင်
Donate to DVB

စပါးအသင်းဟာ နည်းပြပို့စ်တီကိုဂလူနေရာအတွက် နည်းပြသစ်ခန့်အပ်ဖို့ လျာထားစာရင်းမှာ ပြိုင်ဘက်အသင်းနည်းပြ ၂ ယောက်လည်း ပါဝင်နေပါတယ်။ 

စပါးအသင်းဟာ ပြီးခဲ့တဲ့တပတ်က လိဂ်ပွဲစဉ်မှာ လန်ဒန်ဒါဘီပြိုင်ဘက်ဖူဟမ်ကို ၂ ဂိုးပြတ်နဲ့ ရူံးနိမ့်ခဲ့ပြီးနောက် အဆင့် ၁၄ နေရာအထိကျဆင်သွားခဲ့တာပါ။

တယ်လီဂရပ်ဖ်သတင်းစာရဲ့ဖော်ပြချက်အရ စပါးအသင်းဟာ ရလဒ်မကောင်းဖြစ်နေတဲ့ နည်းပြ ပို့စ်တီကိုဂလူကို ထောက်ခံနေဆဲဖြစ်ပေမဲ့ တချိန်တည်းမှာပဲ ထုတ်ပယ်ဖြစ်မယ်ဆိုရင် အစားထိုးခန့်အပ်မယ့် နည်းပြတွေကိုလည်း ကြိုတင်ချိတ်ဆက်နေတာပါ။ 

အဲဒီနည်းပြတွေထဲမှာ ပရီးမီးယားလိဂ်ပြိုင်ဘက်တွေဖြစ်တဲ့ ဘုန်းမောက်နည်းပြ အီရာအိုလာနဲ့ ဖူဟမ်နည်းပြ မာကိုဆေးလ်ဗားတို့လည်း ပါဝင်လာတာပါ။ 

အီရာအိုလာကို ဘုန်းမောက်အသင်းက စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင်နေပြီး ဖူဟမ်နည်းပြဆေးလ်ဗားက ၂၀၂၆ ခုနှစ်မှာစာချုပ်သက်တမ်းကုန်ဆုံးမယ်လို့ သိရပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013