
စပါးအသင်းရဲ့ နည်းပြဟောင်း အန်ဂဲပိုစ့်တီကိုဂလူဟာ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခံရပါတယ်။
သူဟာ ကမ္ဘာကျော် ကစားသမား ခရစ္စတီယာနို ရော်နယ်ဒိုကို ကိုင်တွယ်ရမှာပါ။ ပိုစ့်တီကိုဂလူးဟာ နော်တင်ဟမ်ဖောရက်စ်ကနေ ထုတ်ပယ်ခံရပြီး ၈ လအကြာမှာ ဘောလုံးလောကကို ပြန်လာတာ ဖြစ်ပါတယ်။ အယ်လ်နာဆာနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုထားတာပါ။
ပိုစ့်တီကိုဂလူဟာ နော်တင်ဟမ်ဖောရက်စ်မှာ ၃၉ ရက်သာ တာဝန်ယူခဲ့ရပြီး ၈ ပွဲကစားရာမှာ တပွဲမှ မနိုင်ခဲ့ပါဘူး။ ဒီအတွေ့အကြုံကို သူက “ကြမ်းတမ်းတယ်” လို့ ပြောခဲ့ပါတယ်။
ဒါပေမဲ့ စပါးအသင်းကို ယူရိုပါလိဂ်ဖလား ရယူပေးခဲ့သလို စကော့တလန်ကလပ် ဆဲလ်တစ်နဲ့လည်း ဖလား ၅ လုံးအထိ ရရှိခဲ့တဲ့ သူ့ရဲ့ အောင်မြင်မှုမှတ်တမ်းတွေကြောင့် ဒီအခွင့်အရေးရခဲ့တာ ဖြစ်ပါတယ်။











