DVB Logo
Home
အားကစား
ဗိုလ်လုပွဲမတိုင်ခင် အနာဂတ်ကိစ္စအပေါ် မေးမြန်းမှုကို စပါးနည်းပြ ပို့စ်တီကိုဂလူ ဒေါသထွက်
DVB
·
May 21, 2025
ဗိုလ်လုပွဲမတိုင်ခင် အနာဂတ်ကိစ္စအပေါ် မေးမြန်းမှုကို စပါးနည်းပြ ပို့စ်တီကိုဂလူ ဒေါသထွက်
Donate to DVB

ယူရိုပါလိဂ်ဗိုလ်လုပွဲမတိုင်ခင် အသင်းနဲ့အနာဂတ်ကိစ္စအပေါ် မေးမြန်းမှုကို စပါးနည်းပြ ပို့စ်တီကို ဂလူးက ဒေါသထွက်ပြီး တုံ့ပြန်သွားပါတယ်။

မန်ယူအသင်းနဲ့  ဗိုလ်လုပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တယောက်က ယူရိုပါလိဂ် ဗိုလ်လုပွဲရလဒ်က ဟီးရိုးလား၊ ငတုံးလား အဆုံးအဖြတ်ပေးမှာလားဆိုတဲ့ မေးခွန်းအပေါ် စပါးနည်းပြအလွန်အမင်း ဒေါသထွက်ခဲ့တာပါ။ 

ဗိုလ်လုပွဲမှာ အနိုင်မရသည်ဖြစ်စေ မိမိဟာ ဘယ်တော့မှာ ငတုံးဖြစ်မှာမဟုတ်ဘဲ ဟီးရိုးလား၊ ငတုံးလားဆိုတာ မင်းရဲ့ထင်မြင်ချက်နဲ့သာ သက်ဆိုင်ကြောင်း The Standard သတင်းစာရဲ့ ဂျာနယ်လစ် ဒမ်းကယ်ပတ်ထရစ်ကို ပြန်လည်ပြောသွားခဲ့တာပါ။ 

လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆ နှစ်လောက်ကတည်းက ဘောလုံးလောကထဲ ရောက်နေပြီး လက်ရှိမှာ ဥရောပအဓိကပြိုင်ပွဲတခုရဲ့ ဗိုလ်လုပွဲ ရောက်နေတဲ့ အသင်းတသင်းရဲ့ နည်းပြအပေါ် ‘ငတုံး’ ဆိုတဲ့ စကားလုံးသုံးနှုန်းတဲ့အပေါ် ဒေါသထွက်မိကြောင်း စပါးနည်းပြက ပြောပါတယ်။

မိမိရဲ့အနာဂတ်က အာမခံချက်ရှိပြီးသားဖြစ်ပြီး စပါးအသင်းကနေ ထုတ်ပယ်ခံရရင်လည်း မိမိမှာ သာယာတဲ့မိသားစုနဲ့ ကောင်းမွန်တဲ့ ဘဝပိုင်ဆိုင်ထားပြီးသားဖြစ်ကြောင်း ၊ မိမိအနာဂတ်အတွက် စိုးရိမ်စရာမလိုအပ်ကြောင်း သြစတြေးလျလူမျိုးနည်းပြ ပို့စ်တီကိုဂလူက ပြောသွားပါတယ်။

Photo:Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013