DVB Logo
Home
နိုင်ငံတကာ
အိမ်ဖြူတော်၌ သေနတ်အကြမ်းဖက်မှုကာကွယ်ရေးဌာနသစ် ထူထောင်နေ
DVB
·
September 23, 2023
အိမ်ဖြူတော်၌ သေနတ်အကြမ်းဖက်မှုကာကွယ်ရေးဌာနသစ် ထူထောင်နေ
Donate to DVB

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ သူရဲ့အစိုးရအဖွဲ့အတွင်း သေနတ်အကြမ်းဖက်မှု ကာကွယ်ရေး ဌာနအသစ် တရပ်ကို အိမ်ဖြူတော်မှာ ထူထောင်နေတယ်လို့ စက်တင်ဘာ ၂၂ ရက်က ကြေညာခဲ့ပါတယ်။ 

ဒါဟာ အရင်ရှိနှင့်ပြီး သား တည်ဆဲဥပဒေတွေကို အကောင်အထည့်ဖော်ဖို့ အပါအဝင် ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး သေနတ် အန္တရာယ်ကင်းရှင်းရေး ဥပဒေတွေကို  နိုင်ငံတော်အဆင့်မှာ ပြဋ္ဌာန်းနိုင်ဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။  

ဒီအစိုးရရုံးအသစ်မှာ ဒုသမ္မတ ကာမလာ ဟဲရစ်(စ်)က သေနတ်ဘေးကင်းရေး ရှေ့နေတွေရဲ့ အကူအညီနဲ့အတူ ကြီးကြပ်အုပ်ချုပ်သွားမှာ ဖြစ်ပါတယ်။

 အမေရိကန်နိုင်ငံတစ်ဝှမ်းက မြို့ကြီးတွေနဲ့ စာသင်ကျောင်းတွေမှာ သေနတ်နဲ့ အကြမ်းဖက်မှုကြောင့် သေဆုံးရမှုတွေကို လျှော့ချနိုင်ရေးနဲ့ ပတ်သက်ပြီး ပိုမိုတင်းကြပ်တဲ့ သေနတ်ဥပဒေအပေါ်  ဒီမို ကရက်အများစုရဲ့ ထောက်ခံမှုရှိပါတယ်။ 

ဒါကြောင့် လာမယ့်နှစ်မှာ ပြန်လည်ရွေးကောက်ခံမယ့် ဘိုင်ဒင်ရဲ့  မဲဆွယ် စည်းရုံးရေး ကမ်ပိန်း အတွင်း ဒီကိစ္စရပ်က အရေးပါလာနိုင်တယ်လို့ ရှုမြင်ကြပါတယ်။

သေနတ်အခွင့်အရေးအဖွဲ့ တခု ဖြစ်တဲ့ အမျိုးသားရိုင်ဖယ်အသင်းရဲ့ ထောက်ခံမှုအရ ရီပတ်ဘလီကန် တွေကတော့ ပိုပြီးတင်းကြပ်မယ့် ဥပဒေတွေကို အကြီးအကျယ် ဆန့်ကျင်ထားပါတယ်။

အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့  ဒုတိယပြင်ဆင်ချက်ထဲမှာ သေနတ် ကိုင်ဆောင်ခွင့်ကို ပြဋ္ဌာန်း ထားပြီး ဖြစ်တယ်လို့ ထောက်ပြပါတယ်။ 

မနှစ်တုန်းကတော့ သင့်တင့်တဲ့ သေနတ်အန္တရာယ် ကင်းရှင်းရေး စည်းမျဉ်းတွေနဲ့ ပတ်သက်ပြီး ရီပတ်ဘလီကန်နဲ့ ဒီမိုကရက် ပါတီနှစ်ခုစလုံးက အတည်ပြုခဲ့တာကြောင့် ရှားပါးဖြစ်ရပ် တစ်ခုအဖြစ် ဖော်ပြထားပါတယ်။ 

ဒါ့အပြင် နှစ်ဖက်ပါတီဆိုင်ရာ လူမှုအသိုင်းအဝိုင်း ပိုမိုလုံခြုံရေးဥပဒေ (Bipartisan Safer Communities Act) လို့ သိထားကြတဲ့ ဒီကိစ္စရပ်အပေါ်မှာ ဘိုင်ဒင်ကိုယ်တိုင် စီမံခန့်ခွဲမှု တာဝန်ယူ ခဲ့ကြောင်း သိရပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013