DVB Logo
Home
မြန်မာသတင်း
အင်းစိန်တွင် ဝါယာရှော့ဖြစ်ပြီး အိမ်နှင့်ကား မီးလောင်
DVB
·
September 23, 2023
အင်းစိန်တွင် ဝါယာရှော့ဖြစ်ပြီး အိမ်နှင့်ကား မီးလောင်
Donate to DVB

ရန်ကုန်၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းမှာ စက်တင်ဘာ ၂၁ ရက်၊ ညပိုင်းက ဝါယာရှော့ဖြစ် မီးလောင်ခဲ့တာကြောင့် အိမ် ၁ လုံးနဲ့ ကား ၁ စီး မီးလောင် ပျက်စီးသွားတယ်လို့ မြန်မာမီးသတ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။

ဆယ်မိုင်ကုန်း၊ အောင်သုခလမ်းမှာ  ည ၁၀ နာရီ ၂၂ မိနစ်လောက်က မီးလောင်မှုသတင်း ရရှိခဲ့တာကြောင့် အင်းစိန်မြို့နယ်မီးသတ်ယာဉ်၊ အင်းစိန်ကြက်ခြေနီအသင်းတို့က ပူးပေါင်းငြှိမ်းသတ်ခဲ့ကြတာ ဖြစ်ပါတယ်။ 

အင်းစိန်ကြက်ခြေနီအသင်းဝင်တယောက်က “အောင်သုခလမ်းထဲက ကားဂိုထောင် တွဲထားတဲ့ အိမ်လောင်တာ။ မီးကြိုးကနေ တဆင့်လောင်တယ်လို့ သိရတယ်။ အပေါ်ကနေ အောက်ထပ်ကို မီးကူးပြီး JETOUR (ဂျက်တိုး)  ၁ စီးပါ လောင်သွားပါတယ်။ ၁ ဦး မှန်ရှ ဒဏ်ရာရပါတယ်” လို့ ပြောပါတယ်။ 

ကားဂိုထောင်နဲ့တွဲလျက် ၂ ထပ်အိမ်ရဲ့ အပေါ်ထပ်ကနေ ဝါယာရှော့ဖြစ် မီးလောင်ခဲ့ရာကနေ အိမ်အောက်ထပ် ကားရပ်ထားတဲ့နေရာကို ကူးစက်ခဲ့တာ ဖြစ်ပါတယ်။

မီးလောင်မှုကြောင့် ၂ ထပ်နေအိမ် တခုလုံးနဲ့ JETOUR အမျိုးအစား အိမ်စီးကား ၁ စီး မီးလောင်ပျက်စီးသွားပြီး  လက်ပြတ်ရှဒဏ်ရာ ရရှိခဲ့တဲ့ မီးငြှိမ်းသတ်ရေးတပ်ဖွဲ့ဝင် ၁ ဦးကို ကြက်ခြေနီအသင်းက ကုသပေးခဲ့ပါတယ်။

မီးသတ်ယာဉ်တွေ ငြှိမ်းသတ်ခဲ့တာကြောင့် ည ၁၀ နာရီ ၃၄ မိနစ်မှာ မီးထိန်း၊ ၁၀ နာရီ ၄၁ ခန့်မှာ မီးငြိမ်းသွားပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုတော့ မီးသတ်တပ်ဖွဲ့က စစ်ဆေး တွက်ချက်နေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013