DVB Logo
Home
မြန်မာသတင်း
ဘုရားသုံးဆူတွင် စစ်ကောင်စီတပ်က မြို့တွင်း ကင်းလှည့် စစ်ဆေးနေ
DVB
·
September 23, 2023
ဘုရားသုံးဆူတွင် စစ်ကောင်စီတပ်က မြို့တွင်း ကင်းလှည့် စစ်ဆေးနေ
Donate to DVB

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ DKBA ရုံးရှေ့မှာ စက်တင်ဘာ ၂၂ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်၊ ရဲ၊ နယ်ခြားစောင့်(BGF)ပူးပေါင်းတပ်ဖွဲ့တွေက ဖြတ်သန်းသွားလာသူတွေကို စစ်ဆေးပြီး မြို့တွင်းလုံခြုံရေးနဲ့ ကင်းလှည့်တာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ ဘုရားသုံးဆူမြို့မှာ KNU အုပ်ချုပ်ရေးလုပ်ငန်းတွေ စတင်လုပ်ကိုင်နေပြီလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တာဝန်ရှိသူတဦးက ပြောကြားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေက အခုလိုစစ်ဆေးတာတွေ လုပ်ဆောင်လာတာပါ။

မြို့ခံပြည်သူတဦးက” မြို့ကိုထိန်းချုပ်နိုင်တယ်ဆိုရင် အခုလိုမျိုးစစ်တပ်ဝင်‌စစ်နေရင် မင်းတို့မစစ်နဲ့ ဖယ်ရွှေ့ဆိုပြီး မင်းတို့နေရာမဟုတ်ဘူးပြောရမှာ မဟုတ်ဘူးလား။ အရင်က ရဲက အပြင်တောင်မထွက်ဘူး။ အခုမှ ရဲပြန်မြင်ဘူးတယ်။ သူတို့ထိန်းချုပ်လို့ရတယ်ဆိုရင် PDF တွေမြို့ထဲဝင်လာရင် စစ်တပ်က ဝင်စစ်တယ်။ BGF ကဝင်ဖမ်းတယ်။ အဲဒီမှာ သွားတားရမယ်လေ။ KNU အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ပြီးဆိုတာ မဟုတ်ဘူး”လို့ ပြောပါတယ်။

စစ်တပ် အာဏာသိမ်းနောက်ပိုင်း ဘုရားသုံးဆူမြို့မှာ တရားမဝင်လောင်းကစားတွေ၊ ဂိမ်းဆိုင်တွေ ပိုမိုများပြားလာတဲ့ဟာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အချင်းချင်း သဘောတူညီမှုရယူပြီး လုပ်ကိုင်နေကြတာဖြစ်လို့ ဒုစရိုက်မှုတွေ ပိုမိုဖြစ်ပွားလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လတ်တလောမှာလည်း စစ်ကောင်စီပူးပေါင်းတပ်တွေက မြန်မာ-ထိုင်းနယ်စပ်ကနေ ထိုင်းနိုင်ငံထုတ်ကုန်တွေကို တရားမဝင်တင်သွင်းနေပြီး စစ်ကောင်စီတပ်၊ ရဲ၊ BGF တွေအပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ နားလည်မှုယူပြီး လုပ်နေကိုင်နေတယ်လို့ မြို့ခံစီးပွားရေးသမားတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက် ည ၁၀ နာရီလောက်က ဘုရားသုံးဆူမြို့မှာ KNLA ၊တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့တွေက စစ်ကောင်စီရဲ့ စစ်ဖက်ရေးရာလုံခြုံရေးရုံး(စရဖ)၊ မြို့နယ်ထွေအုပ်ရုံးနဲ့ မော်တော်ယာဉ်တစ်စီး၊ လ၀ကရုံး၊ စည်ပင်ရုံးတွေကို ဝင်ရောက်ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ဘုရားသုံးဆူမြို့မှာ စစ်ကောင်စီတပ်တွေ၊ တပ်စခန်းတွေ၊ နယ်ခြားစောင့် (BGF)တပ်တွေအပြင် မွန်ပြည်သစ်ပါတီ (NMSP)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC၊ KNU ဆက်ဆံရေးရုံးတွေ ရုံးစိုက်ဖွင့်လှစ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013