ရုရှားနိုင်ငံရဲ့ Tu-95MS မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေဟာ အမေရိကန်ပြည်ထောင်စု အလက်စကာဒေသနား အရှေ့ဖျားဒေသထဲက ဘယ်ရင်ပင်လယ်နဲ့ ချုပ်ခ်ချီပင်လယ်ပြင်တို့ အထက်မှာ စီစဉ်ထားတဲ့အတိုင်း ကင်းလှည့်ပျံသန်းခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၆ ရက်မှာ ထုတ်ပြန် ပြောပါတယ်။
လေယာဉ်တွေဟာ လေထဲမှာ ၁၃ နာရီကျော်ကြာ ပျံသန်းခဲ့ပြီး ပျံသန်းနေချိန်အတွင်း လောင်စာဆီ ဖြည့်တင်းခဲ့တယ်လို့လည်း ဝန်ကြီးဌာနက ဆိုပါတယ်။
ပျံသန်းမှုကာလအတွင်း သူတို့နဲ့အတူ Su-35S တိုက်လေယာဉ်တွေက လိုက်ပြီး အကာအကွယ်ပေးခဲ့ကြပါတယ်။
ပျံသန်းလမ်းကြောင်းရဲ့ တချို့နေရာတွေမှာ နိုင်ငံခြားတိုင်းပြည်တွေက တိုက်လေယာဉ်တွေကလည်း မဟာဗျူဟာမြောက် လေယာဉ်တွေနဲ့အတူ လိုက်ပါပျံသန်းခဲ့ကြပါတယ်။
Source: Reuters











