DVB Logo
Home
နိုင်ငံတကာ
ဖင်လန်နိုင်ငံ အဝေးပြေးလမ်းမကြီးပေါ်  F-35 တိုက်လေယာဉ် ၂ စင်း ပထမဆုံးအကြိမ် ဆင်းသက်
DVB
·
September 23, 2023
ဖင်လန်နိုင်ငံ အဝေးပြေးလမ်းမကြီးပေါ်  F-35 တိုက်လေယာဉ် ၂ စင်း ပထမဆုံးအကြိမ် ဆင်းသက်
Donate to DVB

ဖင်လန်နိုင်ငံရဲ့  အမြန်လမ်းမကြီးတစ်ခုပေါ်ကို F-35 Lockheed Martin တိုက်လေယာဉ်နှစ်စင်း က ပထမဆုံးအကြိမ်အဖြစ် စမ်းသပ် ဆင်းသက်နိုင်ခဲ့တယ်လို့ နော်ဝေစစ်တပ်ရဲ့ ဗီဒီယိုမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

ဖင်လန်အလယ်ပိုင်း တယ်ဗိုမြို့ငယ်လေးမှာ စက်တင်ဘာ ၂၁ ရက် နေ့လယ်က နော်ဝေ တော်ဝင်လေတပ်ရဲ့  ဂျက်လေယာဉ်နှစ်စင်းအနေနဲ့  စစ်ရေးလေ့ကျင့်မှုတစ်ခုအဖြစ် ဆင်းသက်ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ စစ်ပွဲကာလအတွင်း မြေပြင်ပေါ်မှာ ခုခံနိုင်စွမ်းနည်းပါးတဲ့ အချိန်လျှော့ချဖို့အတွက် ခြေလှမ်းတစ်ရပ် ဖြစ်တယ်လို့ ဆိုပါတယ်။

နော်ဝေတော်ဝင်လေတပ်ရဲ့  အကြီးအကဲ ဗိုလ်ချုပ်ကြီး ရော့ဖ်ဖိုးလ်လန်းက "တိုက်လေယာဉ်တွေဟာ မြေပြင်ပေါ်မှာ အားနည်းချက်များပါတယ်။ အခုလို လေယာဉ်ကွင်းငယ်တွေနဲ့ အမြန်လမ်းတွေအပေါ် အသုံးပြုနိုင်မှုက စစ်ပွဲအတွင်း ရှင်သန်နိုင်စွမ်းကို မြင့်တက်လာစေပါတယ်"လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ပြီးခဲ့တဲ့ဧပြီလကမှ နေတိုးအဖွဲ့ကို ဝင်ရောက်ခဲ့တဲ့ ဖင်လန်ဟာ ရုရှားနဲ့ မိုင်ပေါင်း ၈၁၀ အထိ နယ်နိမိတ်ချင်း ထိစပ်နေတာ ဖြစ်ပါတယ်။

နော်ဝေကတော့ မဟာမိတ်အဖွဲ့ရဲ့ တည်ထောင်သူ အဖွဲ့ဝင်နိုင်ငံတစ်ခုပဲ ဖြစ်ပါတယ်။ အရင်က F-35 ရဲ့တခြားအမျိုးအစားနဲ့ F-35B လေယာဉ်တွေဟာ လမ်းတွေပေါ်မှာ ထောင်လိုက်အတိုင်း ဆင်းသက်ခဲ့ဖူးပါတယ်။

ဒီတစ်ကြိမ်ကတော့  ထောင်လိုက်အတိုင်း မဆင်းသက်နိုင်တဲ့  F-35 ဂျက်လေယာဉ်ရဲ့  ပထမဆုံး သီးသန့်အမျိုးအစားပဲ ဖြစ်ပါတယ်။

ဒါ့အပြင် လမ်းတွေပေါ်မှာ ဆင်းသက်နိုင်တဲ့ တိုက်လေယာဉ်တွေထဲမှာ F-16 လည်း ပါဝင်ပါတယ်။ ဖင်လန်နိုင်ငံကတော့ Lockheed Martin  ကုမ္ပဏီရဲ့  F-35 ဂျက်လေယာဉ် ၆၄ စင်းအထိ ဝယ်ယူဖို့အတွက် စီစဉ်နေပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013