DVB Logo
Home
မြန်မာသတင်း
ကေအန်ယူတပ်မဟာ ၆ နယ်မြေတိုက်ပွဲ၌ စစ်တပ်က ဗိုလ်ကြီး ၃ ဦးပါ ၁၉၀ ကျော်သေဆုံး
DVB
·
September 23, 2023
ကေအန်ယူတပ်မဟာ ၆ နယ်မြေတိုက်ပွဲ၌ စစ်တပ်က ဗိုလ်ကြီး ၃ ဦးပါ ၁၉၀ ကျော်သေဆုံး
Donate to DVB

ကေအန်ယူနယ်မြေ ဒူးပလာယာ ခရိုင်၊ တပ်မဟာ (၆) နယ်မြေထဲမှာ ပြီးခဲ့တဲ့ ဩဂုတ် ၁ လတာအတွင်း တိုက်ပွဲအကြိမ်ရေ ၇၀ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ဗိုလ်ကြီးအဆင့်ရှိသူ ၃ ယောက်အပါအဝင် ၁၉၀ ကျော် သေဆုံးခဲ့တယ်လို့ ကေအန်ယူ-ဗဟိုက ထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A)၊ ကရင်အမျိုးသား ကာကွယ် ရေးတပ်ဖွဲ့ (K.N.D.O)၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်တွေဘက်က တပ်ရင်းမှူး ၁ ယောက်နဲ့ ဒု-ရင်းမှူး ၁ ယောက်အပါအဝင် ၁၆၃ ယောက် ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါ ၁ လတာ တိုက်ပွဲတွေအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ၇ ယောက် ကျဆုံးခဲ့ပြီး ၂၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဘက်က သေဆုံးဒဏ်ရာရ ဦးရေ များပြားလာတာနဲ့အမျှ စခန်းတွင်းက တပ်သားတွေဟာလည်း အထက်အရာရှိတွေရဲ့ ဖိနှိပ်အုပ်ချုပ်မှုကြောင့် စိတ်ဓာတ်ကျဆင်းနေပြီး တပ်ကိုစွန့်ခွာထွက်ပြေးသွားတာရှိနေပါတယ်။

စစ်ကောင်စီလက်အောက်ခံတပ်က ဘယ်စစ်သားမဆို မိမိတို့တပ်ကို စွန့်ခွာကာ ကေအန် ယူ−ကရင်အမျိုးသားအစည်းအရုံးနဲ့ ပြည်သူလူထုရင်ခွင်ဆီ လက်နက်ခဲယမ်းတွေနဲ့ အတူ လာရောက်ပူးပေါင်းလာပါက နွေးထွေးစွာ ကြိုဆိုနေပြီး သူတို့ရဲ့ ရှေ့ဆက်ဘဝ ရပ် တည်နိုင်ရေးအတွက် ကူညီထောက်ပံ့ပေးသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ် ရှေ့တန်းစခန်းတွေ၊ ဖိအားပေး စေခိုင်းခံရတဲ့ ရဲစခန်းတွေ အများစုမှာ တော့ အလုပ်ပင်ပန်းတာ၊ ခြိမ်းခြောက် အကျပ်ကိုင်ခံရတာတွေကြောင့် တပ်နဲ့ ရဲဘက်ကနေ စွန့်ခွာချင်နေတဲ့ တပ်မတော်သား စစ်သည်တွေ၊ ရဲဝန်ထမ်းတွေလည်း တနေ့တခြား ပိုပြီးတော့ များပြားလာနေတာ ဖြစ်ပါတယ်။

NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကတော့ အကြမ်းဖက်စစ်ကောင်စီ လက် အောက်ကနေ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ သားကောင်းတွေကို နွေးထွေးစွာ ကြိုဆိုနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြည်သူ့ဘက် ရပ်တည်ကူးပြောင်းလိုတာ၊ ဒါမှမဟုတ် တပ်တွင်းသတင်းပေး ဖရဲသီး အဖြစ် ရပ်တည်လိုတဲ့ တပ်မတော်သားတွေအနေနဲ့ နီးစပ်ရာ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ရင်းတွေ၊ စစ်ကြောင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကို ဆက်သွယ်နိုင်သလို ပြည်သူ့ရင်ခွင်ခိုလှုံရေး Telegram Channel @MyanmarPeople ကတဆင့်လည်း ဆက်သွယ်ချိတ်ဆက် ဆောင်ရွက်နိုင်တယ်လို့လည်း ပြောထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013