DVB Logo
Home
မြန်မာသတင်း
လူကုန်ကူးခံရသည့် အသက်မပြည့် မြန်မာ ၄ ဦးကို  မလေးရှားရဲတပ်ဖွဲ့ ကယ်တင်
DVB
·
September 22, 2023
လူကုန်ကူးခံရသည့် အသက်မပြည့် မြန်မာ ၄ ဦးကို  မလေးရှားရဲတပ်ဖွဲ့ ကယ်တင်
Donate to DVB

မလေးရှားနိုင်ငံ၊တလော့ဂန်းမြို့မှာ တရားမဝင်ဖွင့်လှစ်ထားတဲ့ စက်ရုံတခုကို မလေးရှားရဲတပ်ဖွဲ့က စက်တင်ဘာ ၂၁ ရက်နေ့မှာ ဝင်ရောက်စီးနင်းပြီး အသက်မပြည့်သေးတဲ့ မြန်မာနိုင်ငံသား ၄ ဦးကို ကယ်တင်ခဲ့တယ်လို့ မလေးရှားမီဒီယာတခုဖြစ်တဲ့ The Star မှာ ဖော်ပြထားပါတယ်။

Bukit Aman CID ရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ တိုက်ဖျက်ရေးယူနစ် (D3) တို့က ပူးပေါင်းပြီး စက်တင်ဘာ ၂၁ ရက် ညနေ ၃ နာရီခွဲအချိန်မှာ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနအပါအဝင် တခြားအေဂျင်စီတွေနဲ့အတူ တရားမဝင်စက်ရုံကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။

အသက် ၁၇ နှစ်သာရှိသေးတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၃ ဦးနဲ့ အမျိုးသား ၁ ဦးတို့ဟာ လွန်ခဲ့တဲ့ ၂ လကနေ ၅ လအတွင်း တရားမဝင်စက်ရုံမှာ အလုပ်လုပ်ဖို့ လူကုန်ကူးခံခဲ့ရတယ်လို့ ရွှေ့ပြောင်းနေထိုင်သူများ တိုက်ဖျက်ရေး ဒါရိုက်တာ ဖာဒီမာဆပ်က ပြောပါတယ်။

"ကနဦးစုံးစမ်းစစ်ဆေးစစ်ဆေးမှုအရ အသက်မပြည့်သေးတဲ့ မြန်မာနိုင်ငံသား ၄ ဦး​ပါတယ်။ နောက်ပြီး တရားဝင်စာရွက်စာတမ်းအထောက် အထားမပါရှိတဲ့ အသက် ၂၁ နှစ် ၄၅ နှစ်ကြား ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံတို့မှ အမျိုးသမီး ၁၀ ဦးအပါအဝင် အယောက် ၄၀ ကို ဖမ်းဆီး​စစ်ဆေးနေပါတယ်။"

မလေးရှားရဲတပ်ဖွဲ့က စက်ရုံမန်နေဂျာနဲ့ လက်ထောက်တို့ကိုလည်း လူးကုန်ကူးမှုနဲ့ တရားမဝင်စက်ရုံဖွင့်မှုတို့အတွက် ဖမ်းဆီးစစ်ဆေးနေပါတယ်။

စက်တင်ဘာ ၁၁ ရက်နေ့က မလေးရှားနိုင်ငံ၊ ဆီလန်ဂေါပြည်နယ်ရှိ KTV တခုမှာ အဓမ္မခိုင်းစေခံရတဲ့ မြန်မာအမျိုးသမီး ၄ ဦးကို မလေးရှားရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013