
အာမေးနီးယားနိုင်ငံ ယေရီဗန်မြို့တော်မှာ စက်တင်ဘာလ ၂၀ ရက်က ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့အကြား ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။
နာဂေါနို-ကာရာဘတ်ခ်ဒေသမှာ လက်နက်ချမှုဖြစ်ပွားပြီးနောက် စက်တင်ဘာ ၂၁ ရက်က တရားဥပဒေစိုးမိုးရေး ရဲအရာရှိတွေအနေနဲ့ အစိုးရအဆောက်အအုံတစ်ခုကို အကာအကွယ်ပေးခဲ့ရတယ်လို့လည်း ဆိုပါတယ်။
အာမေးနီးယားအလံတွေ ကိုင်ဆောင်ထားတဲ့ ဆန္ဒပြသူတွေက သူတို့မကြောက်ဘူးဆိုပြီး ရဲတပ်ဖွဲ့ကို အော်ဟစ်နေခဲ့တာပါ။
ဒါ့အပြင် အဲ့ဒီဒေသမှာရှိတဲ့ ဆွေမျိုးတွေရဲ့ သတင်းအချက်အလက် ပေးဖို့ကိုပါ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။
နာဂေါနိုကာရာဘတ်ခ် ဒေသခွဲထွက်မှုအတွင်း အရှုံးပေးခဲ့ရတာနဲ့ ပတ်သက်ပြီး အာမေးနီးယားဝန်ကြီးချုပ် နီကိုးလ်ပါရှင်ဉာဏ်ကို ရာထူးနုတ်ထွက်ဖို့အတွက် ဆန္ဒပြသူတွေက တောင်းဆိုနေကြတာပါ။
၂၀၂၀ ပြည့်နှစ်မှာ အာဇာဘိုင်ဂျန်နိုင်ငံကို ရှုံးနိမ့်ခဲ့တဲ့စစ်ပွဲအတွင်း ပါရှင်ဉာဏ်က အဓိကတာဝန်ရှိသူ ဖြစ်ပါတယ်။
ဒါကြောင့် နာဂေါနိုကာရာဘတ်ခ်ဒေသကို တစ်ဖန် သိမ်းပိုက်နိုင်ဖို့အတွက် ဒီတစ်ပတ်အတွင်း အာဇာဘိုင်ဂျန်ဘက်က လျှပ်တပြက် ထိုးစစ်ဆင်မှုတစ်ခုကို ပြုလုပ်ခဲ့တယ်။
ဒါဟာ ၁၉၉၀ ပြည့်နှစ်အစောပိုင်းမှာ စစ်ဖြစ်ပွားပြီးကတည်းက အာမေးနီးယား လူမျိုးစုတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လွတ်လပ်တဲ့ဒေသ တစ်ခုလည်းဖြစ်ပါတယ်။
၂၄ နာရီအတွင်းမှာတင် ကာရာဘတ်ခ် အာမေးနီးယားတွေက လက်နက်ချ၊ အရှုံးပေးဖို့အတွက် ဖိအားပေးမှုကို သဘောတူညီခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
Source/Photo-Reuters