DVB Logo
Home
Lead Story
ခဲဆိပ်သင့်ခြင်းဟာ IQ ဆုံးရှုံးမှု ဖြစ်စေပါတယ်
DVB
·
September 22, 2023
ခဲဆိပ်သင့်ခြင်းဟာ IQ ဆုံးရှုံးမှု ဖြစ်စေပါတယ်
Donate to DVB

ခဲဆိပ်သင့်မှုဟာ အရင်ကထင်ထားတာထက် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအပေါ် များစွာ သက်ရောက်မှုရှိပြီး တနှစ်ကို လူ ၅ သန်းကျော် သေဆုံးစေကာ လေထုညစ်ညမ်းမှုကို အလားတူ ခြိမ်းခြောက်မှု ဖြစ်လာနိုင်တယ်လို့ မော်ဒယ်လ် သုတေသနပြုသူတွေက စက်တင်ဘာလ ၁၂ ရက် အင်္ဂါနေ့က အကြံပြုထားပါတယ်။

“A wake-up call” အဖြစ် ဖော်ပြထားတဲ့ အဆိုပါလေ့လာမှုမှာ အဆိပ်သင့်တဲ့သတ္တုနဲ့ ထိတွေ့မှုဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ကလေးငယ်တဦးကို ပျမ်းမျှ IQ အမှတ် ၆ မှတ်နီးပါး ဆုံးရှုံးစေတယ်လို့ ခန့်မှန်းထားပါတယ်။

ခဲညစ်ညမ်းမှုဟာ အထူးသဖြင့် နှလုံးရောဂါနဲ့ ကလေးငယ်တွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုဆိုင်ရာ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာများစွာကို ဖြစ်စေကြောင်း ပြသခဲ့ပြီး ခဲဓာတ်ဆီဓာတ်ကို ကမ္ဘာတဝန်းမှာ တားမြစ်ပိတ်ပင်ထားပါတယ်။

ဒါပေမဲ့ အစားအစာ၊ မြေဆီလွှာ၊ မီးဖိုချောင်သုံးပစ္စည်းတွေ၊ ဓာတ်မြေသြဇာတွေ၊ အလှကုန်တွေ၊ ခဲ-အက်ဆစ်ကားဘက်ထရီတွေနဲ့ တခြားရင်းမြစ်တွေကတဆင့် လူတွေဟာ ပြင်းထန်တဲ့ နူရိုတိုစင်နဲ့ ထိတွေ့နိုင်ပါသေးတယ်။

Lancet Planetary Health ဂျာနယ်က ထုတ်ဝေတဲ့ လေ့လာမှုကို ရေးသားခဲ့သူ ကမ္ဘာ့ဘဏ်က စီးပွားရေးပညာရှင်နှစ်ဦးက ချမ်းသာကြွယ်ဝပြီးနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ကလေးတွေရဲ့ IQ ဆုံးရှုံးမှုနဲ့ နှလုံးရောဂါနဲ့ သေဆုံးမှုတွေမှာ ခဲထိတွေ့မှုရဲ့ သက်ရောက်မှုကို ပထမဆုံး အကဲဖြတ်ရမယ်လို့ ဆိုပါတယ်။

ဦးဆောင်စာရေးဆရာ ဗြောင်းလာဆင်က သူတို့နှစ်‌ယောက်ဟာ သူတို့ရဲ့ မော်ဒယ်တွက်ချက်တဲ့ ကိန်းဂဏန်းကို ပထမဆုံး မြင်လိုက်ရချိန်မှာတော့ နံပါတ်က အရမ်းကြီးမားတဲ့အတွက် “ငါတို့ တိုးတိုးလေးတောင် မပြောရဲဘူး” လို့ AFP ကို ပြောပါတယ်။

ခဲထိတွေ့မှုကြောင့် ၂၀၁၉ ခုနှစ်မှာ အရွယ်ရောက်ပြီးသူ ၅ သန်းခွဲလောက်ဟာ နှလုံးရောဂါနဲ့ သေဆုံးခဲ့ပြီး ၉၀ ရာခိုင်နှုန်းဟာ ဝင်ငွေနည်းပြီး အလယ်အလတ်ရှိတဲ့နိုင်ငံတွေ ဖြစ်တယ်လို့ သူတို့က ခန့်မှန်းထားပါတယ်။

ဒါဟာ အရင်ကခန့်မှန်းထားတာထက် ၆ ဆပိုများပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါကြောင့် ကမ္ဘာတဝန်းက သေဆုံးမှုအားလုံးရဲ့ ၃၀ ရာခိုင်နှုန်းခန့်ဟာ ခဲဆိပ်သင့်ခြင်းက အဓိက အကြောင်းရင်း ဖြစ်ပါတယ်။

ခဲနဲ့ထိတွေ့ခြင်းဟာ ဆေးလိပ်သောက်ခြင်း သို့မဟုတ် ကိုလက်စထရောများခြင်းထက် နှလုံးရောဂါကို ပိုဖြစ်စေတယ်လို့ လာဆင်က ဆိုပါတယ်။

ဒေါ်လာ ၆ ထရီလီယံ ကုန်ကျခြင်း

၂၀၁၉ ခုနှစ်က တစ်ကမ္ဘာလုံးမှာ ခဲအဆိပ်သင့်မှုကြောင့် ငါးနှစ်အောက်ကလေးများ IQ အမှတ် ၇၆၅ သန်း ဆုံးရှုံးခဲ့ရပြီး ဆုံးရှုံးမှုရဲ့ ၉၅ရာခိုင်နှုန်းဟာ ဖွံ့ဖြိုးဆဲနိုင်ငံက ဖြစ်တယ်လို့ သုတေသနပြုချက်‌ တွေအရ သိရပါတယ်။

ဒီအရေအတွက်ဟာအရင်ကခန့်မှန်းထားတာထက် ၈၀ ရာခိုင်နှုန်းနီးပါး ပိုများပါတယ်။

ကမ္ဘာ့ဘဏ်မှ သုတေသီတွေဟာ ၂၀၁၉ ခုနှစ်မှာ ခဲထိတွေ့ခြင်းရဲ့ စီးပွားရေးကုန်ကျစရိတ်ဟာ ဒေါ်လာ ၆ ထရီလီယံရှိပြီး ကမ္ဘာ့ပြည်တွင်းအသားတင်ထုတ်လုပ်မှုရဲ့ ၇ရာခိုင်နှုန်းနဲ့ ညီမျှပါတယ်။

ခွဲခြမ်းစိတ်ဖြာမှုအတွက်၊ သုတေသီတွေဟာ 2019 Global Burden of Disease လေ့လာမှုကကောက်ယူထားတဲ့ နိုင်ငံပေါင်း ၁၈၃နိုင်ငံက သွေးတွင်းခဲအဆင့် ခန့်မှန်းချက်တွေကို အသုံးပြုခဲ့ပါတယ်။

အရင် သုတေသနတွေက သွေးပေါင်ချိန်တက်တဲ့အခါ ခဲရဲ့အကျိုးသက်ရောက်မှုကိုသာ တိုင်းတာခဲ့ကြပါတယ်။ ဒါပေမဲ့ လေ့လာမှုအသစ်က ခဲဓာတ်က နှလုံးကို ထိခိုက်စေတဲ့ တခြားနည်းလမ်းများစွာကို ကြည့်ပြီး လေဖြတ်နိုင်တဲ့ သွေးကြောတွေ တင်းမာလာတာကြောင့် အရေအတွက် ပိုများလာတယ်လို့ လာဆင်က ဆိုပါတယ်။

ဗြိတိန်နိုင်ငံ ဘာမင်ဂမ်တက္ကသိုလ်က လေထုညစ်ညမ်းမှုနဲ့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူ ရွိုင်းဟာရစ်ဆင် ကတော့ လေ့လာမှုမှာပါဝင်ခြင်းမရှိတာဟာ "စိတ်ဝင်စားစရာကောင်း ပေမဲ့ မသေချာမရေရာမှုများစွာကြောင့်ဖြစ်တယ်" လို့ AFP ကိုပြောပါတယ်။

ဥပမာအားဖြင့်၊ သွေးတွင်းခဲနဲ့ နှလုံးရောဂါကြားက ဆက်စပ်မှုကို အမေရိကန်ပြည်ထောင်စုရှိ စစ်တမ်းတစ်ခုအပေါ် အခြေခံထားပြီး ထိုတွေ့ရှိချက်တွေကို ကမ္ဘာတဝန်းမှာ အသုံးချနိုင်မှု ရှိ၊ မရှိ ဟာ ယုံကြည်မှုလွန်ကဲနေတာ  ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံများစွာမှာ သွေးတွင်းခဲဓာတ်စစ်ဆေးမှုတွေ မဟုတ်ဘဲ ခန့်မှန်းခြေတွေကို အသုံးပြုထားတယ်လို့ ဟာရစ်ဆင်က  ထောက်ပြခဲ့ပါတယ်။

ရလဒ်တွေကို အတည်ပြုပါက၊ ပြည်သူ့ကျန်းမာရေးအတွက် အရေးကြီးပေမဲ့ လက်ရှိမှာတော့ဒါဟာရိုးရှင်းပြီး စိတ်ဝင်စားစရာကောင်းတဲ့ ယူဆချက်တစ်ခုဖြစ်တယ်လို့ သူကပြောပါတယ်။

'ပဟေဠိအပိုင်းအစ'

NGO Pure Earth ရဲ့ ဥက္ကဋ္ဌ ရစ်ချတ်ဖူလာက ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စစ်တမ်းတွေက သွေးထဲမှာ ခဲဓာတ်ကို စစ်ဆေးတဲ့အခါ အများစုမှာ လေ့လာမှုအသစ်တွင် ခန့်မှန်းထားတာထက် ပိုမိုမြင့်မားတာကို တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။

ဆိုလိုတာကတော့ "ခဲရဲ့အကျိုးသက်ရောက်မှုဟာအ စီရင်ခံစာမှာဖော်ပြထားတာထက် ပိုမိုဆိုးရွားနိုင်တယ်" လို့ ပြောပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံ ၂၅ နိုင်ငံက လူသုံးကုန်ပစ္စည်းနဲ့ အစားအစာနမူနာ ၅၀၀၀ ကို စက်တင်ဘာလ ၁၂ ရက်က ထုတ်ပြန်ခဲ့တဲ့ Pure Earth အစီရင်ခံစာမှာ ဖော်ပြခဲ့တဲ့ "ပျောက်ဆုံးနေသော ပဟေဋ္ဌိအပိုင်း" ရဲ့ တစ်စိတ်တစ်ပိုင်းကို ဖူလာက ထုတ်ဖော်ခဲ့ပါတယ်။

သတ္တုအိုးတွေနဲ့ ဒယ်အိုးတွေ၊ ကြွေမီးဖိုချောင်သုံးပစ္စည်းတွေ၊ ဆေးသုတ်တာ၊ အလှကုန်နဲ့ အရုပ်တွေမှာ ခဲညစ်ညမ်းမှုနှုန်း မြင့်မားတာကို တွေ့ရှိခဲ့ပါတယ်။

“ဒါကြောင့် ဆင်းရဲတဲ့နိုင်ငံတွေမှာ ခဲဆိပ်သင့်တာတွေ အများကြီးရှိနေတယ်”လို့ဖူလာ က ဆိုပြီး "မီးဖိုချောင်ထဲက ပစ္စည်းတွေက သူတို့ကို အဆိပ်သင့်စေတယ်"လို့ပြောပါတယ်။

လီလီ

SOURCE: AFP

(AFP သတင်းမှာဖော်ပြထားတဲ့ “Lead poisoning causes far more death, IQ loss than thought: study” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013