DVB Logo
Home
မြန်မာသတင်း
သံဖြူဇရပ်မြို့၌  ဖုန်းပြင်ဆိုင်  ပိုင်ရှင်နှင့် အလုပ်သမား ၂ ဦးတို့ ကို စစ်ကောင်စီ ဖမ်းဆီး 
DVB
·
September 22, 2023
သံဖြူဇရပ်မြို့၌  ဖုန်းပြင်ဆိုင်  ပိုင်ရှင်နှင့် အလုပ်သမား ၂ ဦးတို့ ကို စစ်ကောင်စီ ဖမ်းဆီး 
Donate to DVB

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ရှိ ဖုန်းပြင်ဆိုင်တဆိုင်က ဆိုင်ပိုင်ရှင်နဲ့  အလုပ်သမား နှစ်ယောက်တို့ကို စစ်ကောင်စီက ပုဒ်မ ၅၀၅-က နဲ့ ဖမ်းဆီးလိုက်တယ်လို့  ဒေသခံတွေဆီကနေသိရပါတယ်

သံဖြူဇရပ်မြို့ အောင်ဇေယျရပ်ကွက်၊ ဗိုလ်နေဝင်းလမ်းဘေးမှာ ဖွင့်လှစ်ထားတဲ့ ကျော်ကျော်ကြား ဖုန်းပြုပြင်ရောင်းဝယ်ရေးဆိုင်ပိုင်ရှင် ကိုအောင်ကိုဟိန်နဲ့  ဆိုင်အလုပ်သမားတွေဖြစ်ကြတဲ့ ညီညီလွင်/ ညီညီထွေးတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့တယ်လို့ မြို့ခံတယောက်က ပြောပါတယ် "

ဆိုင်ရှင်နဲ့ အလုပ်သမား နှစ်ယောက်ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ လူမှုကွန်ယက် စာမျက်နှာပေါ်မှာ နိုင်ငံရေး လှုံဆော် စာသားဖြန့်ဝေတာကြောင့် ဖမ်းဆီးခံရတာလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်

"အခုက စစ်ကောင်စီတပ်ဘက်က လူမှုကွန်ယက်မှာ နိုင်ငံရေးလှုံဆော်လို့ ရေးသားဖြန့်ဝေတယ်ဆိုပြီး ဖမ်းဆီးခံရတာဟာ နိုင်ငံသားတယောက်ရဲ့ လွတ်လပ်မှု အခွင့်ရေး ဆုံးရှုံးတဲ့အပြင် ခြိမ်းခြောက်သလိုခံစားရတယ်”လို့ မြို့ခံတယောက်က ပြောပါတယ် "

အဆိုပါဖြစ်စဥ်နဲ့ ပတ်သက်လို့ သံဖြူဇရပ်မြို့မရဲစခန်းမှာ ဆိုင်ရှင်နဲ့ အလုပ်သမား ၂ ယောက်အား အမှုဖွင့်အရေးယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013