DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် တရားမဝင်မြန်မာ  ၅ ဦး ဖမ်းဆီးခံရ
DVB
·
September 22, 2023
မဲဆောက်တွင် တရားမဝင်မြန်မာ  ၅ ဦး ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ တရားမဝင်နေ​ထိုင်နေတဲ့ မြန်မာနိုင်ငံသား ၅ ဦးကို စက်တင်ဘာ ၂၁ ရက်မှာ  ဖမ်းဆီးရမိခဲ့တယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန် ပါတယ်။

စက်တင်ဘာ ၂၁ ရက် မွန်းလွဲ ၃ နာရီမှာ တာ့ခ်ခရိုင်လူဝင်ကြီးကြပ်ရေးနဲ့ မှုခင်းနိမ်နင်းစုံစမ်းရေးအရာရှိတွေဟာ မဲဆောက်မြို့ရှိ  တရားမဝင် နိုင်ငံခြားသာတွေ နေထိုင်တဲ့နေ နေရာတွေကို   စီမံချက်အရ ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးနေစဥ်အတွင်း အမှတ် ၆ ဘန်ဟွေမောင်းရပ်ကွက်မှာနေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၅ ဦးဟာ တရားဝင်အထောက်အထား စာရွက်စာတမ်း မရှိလို့ ဖမ်းဆီခံခဲ့ရပါတယ်။

ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသား ၅ ဦးကို တာ့ခ်ခရိုင် လူဝင်ကြီးကြပ်ရေးဌာနကို ပို့ဆောင် စစ်ဆေးနေပြီး တရားဥပဒေအတိုင်း အရေးယူသွားမယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ပါတယ်။

မဲဆောက်မြို့မှာ အခုလအတွင်း မြန်မာနိုင်ငံသား အနည်းဆုံး ၃၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ မဲဆောက်ရှိ မြန်မာတွေပြောကြားချက်အရ သိရပါတယ်။

မဲဆောက်မြို့မှာ ခွင့်ပြုချက်မရှိဘဲ နေထိုင်နေတဲ့ နိုင်ငံခြားသားတွေနဲ့ ခိုးဝင်နေတဲ့ နိုင်ငံခြားသားတွေကို စီမံချက်နဲ့ ဖမ်းဆီးသွားမယ်လို့ စက်တင်ဘာလဆန်းမှာ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

Source/Photo-Tak Immigration

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013