DVB Logo
Home
မြန်မာသတင်း
ရခိုင်ဒေသခံ ၇ ဦးကို အေအေနှင့် ဆက်နွှယ်မှုဖြင့်စွပ်စွဲပြီး စစ်ကောင်စီက ထောင်ဒဏ်ချ
DVB
·
September 22, 2023
ရခိုင်ဒေသခံ ၇ ဦးကို အေအေနှင့် ဆက်နွှယ်မှုဖြင့်စွပ်စွဲပြီး စစ်ကောင်စီက ထောင်ဒဏ်ချ
Donate to DVB

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်(အေအေ)နဲ့ ဆက်စပ်တယ်ဆိုပြီး တရားရင်ဆိုင်နေရသူ ၇ ဦးကို စစ်ကောင်စီတရားရုံးက နှစ်ရှည်ထောင်ဒဏ်အပါဝင် ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ရခိုင်ပြည်နယ်မှာ စက်တင်ဘာလ ၁၁ ရက်မှ  ၁၉ ရက် အတွင်းမှာ အရပ်သား ၇ ဦးအထိ စစ်ကောင်စီက တရားရုံးက ပုဒ်မအသီးသီးနဲ့ ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။

မရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မနဲ့ ထောင်ဒဏ်ချမှတ်ခံရသူ ၂ ဦး၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ကနဲ့ ထောင်ဒဏ်ချမှတ်ခံရသူ ၄ ဦး၊ လက်နက်ကိုင်ဆောင်မှု အက်ဥပဒေပုဒ်မ ၂၁(က)နဲ့ တစ်ဦးတို့ကို စစ်တွေခရိုင်တရားရုံး၊ စစ်တွေမြို့နယ် တရားရုံး၊ ကျောက်တော်မြို့နယ် တရားရုံးနဲ့ အမ်းမြို့နယ်တရားရုံးတို့က ထောင်ဒဏ် အသီးသီးချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒေသတွင်း လူ့အခွင့်ရေးလေ့လာသူတစ်ဦးက “ စစ်ကောင်စီက တကျော့ပြန် စစ်ပွဲအတွင်း ဖမ်းဆီးခံရသူတွေကို ဆက်တိုက်ဆိုသလို ထောင်ဒဏ်ချမှတ်တာ တွေ့လာရတယ်။ ဒါကကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေမဟုတ်ဘူး။ စစ်ကောင်စီက နှစ်ဖက် အပစ်ရပ်စဲကတည်းက အရပ်သားတွေကို လွှတ်ပေးရမယ်ဆိုတဲ့ ကတိတွေကို ချိုးဖောက်နေတာဖြစ်တယ်" လို့ပြောပါတယ်။

မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မနဲ့ ထောင်ဒဏ်ချမှတ်ခံရသူ ၂ ဦးမှာ အမ်းမြို့နယ် သမဝါယမ ဥက္ကဋ္ဌ ဦးတင်အောင်မြင့်နဲ့ မင်းပြားမြို့နယ် ငှက်ရဲကောက်ကျေးရွာက ကိုသိန်းဇော်တို့ဖြစ်ပါတယ်။

ဦးအောင်တင်မြင့် ကိုအမ်းမြို့နယ် တရားရုံးက စက်တင်ဘာ ၁၃ ရက်က ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပြီး ကိုသိန်းဇော်ကိုတော့ စစ်တွေမြို့နယ်တရားရုံးက စက်တင်ဘာ ၁၉ ရက်နေ့မှာ ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်တာဖြစ်ပါတယ်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ကနဲ့ ထောင်ဒဏ်ချမှတ်ခံရသူ ၄ ဦးမှာ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာက ဦးဘသိန်းနဲ့ သက္ကယ်ပြင်ကျေးရွာက ဦးဆော်လိမ်တို့ဖြစ်ကြပြီး စက်တင်ဘာ ၁၁ ရက်နေ့မှာ စစ်တွေ့မြို့နယ် တရားရုံးက ထောင်ဒဏ် ၂ နှစ်စီချမှတ်လိုက်ပါတယ်။

နောက်ထပ် ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ်ချမှတ်ခံရသူ ၂ ဦးကတော့ ကျောက်တော်မြို့နယ် ပန်းဖဲကျောင်းကျေးရွာက ကိုဇော်မိုးထက်နဲ့ ခေါင်းတုတ်ကျေးရွာက ဦးကျော်သန်းမောင်တို့ဖြစ်ကြပြီး စက်တင်ဘာ ၁၅ ရက်က ကျောက်တော်မြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်တာဖြစ်ပါတယ်။

လက်နက်ကိုက်ဆောင်မှုအက်ဥပဒေပုဒ်မ ၂၁(က)နဲ့ ထောင်ဒဏ်ချမှတ်ခံရသူမှာ ပုဏ္ဏားကျွန်မြို့နယ် မင်းကန်ကျေးရွာက ကိုမြတ်သူရထွန်းဖြစ်ပြီး စက်တင်ဘာ ၁၈ ရက်မှာ စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ပါတယ်။

ကိုမြတ်သူရထွန်းဟာ လက်နက်ကိုင်နဲ့ ဆက်သွယ်ခြင်းမရှိဘဲ အခုလိုနှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရတာဟာ  တရားမျှတမှု မရှိဘူးလို့ ဇနီးဖြစ်သူ မဦးမညွန့်က ​ပြောပါတယ်။

“ ကိုမြတ်သူရထွန်းကို လက်နက်ကိုင်ဆောင်မှုနဲ့ဆိုပြီး အခုလို နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရတာက လုံးဝကို တရားမျှတမှုမရှိဘူး။ သူက သာမန်အရပ်သားတစ်ဦးသာဖြစ်ပြီးတော့ ဘယ်လက်နက်ကိုင်နဲ့လည်း ဆက်စပ်မှုရှိတာမဟုတ်ဘူး။ ဒါက မတရား ထောင်ဒဏ်ချမှတ်ခံရတာဖြစ်တယ်” လို့ပြောပါတယ်။

ကိုမြတ်သူရထွန်းမှာ လက်နက်ကိုင်ဆောင်မှုအက်ဥပဒေပုဒ်မ ၂၁(က)အပါဝင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကနဲ့လည်း စစ်တွေမြို့နယ် တရားရုံးမှာ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီက အရပ်သား ၅၉၄ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(AA) ပြောခွင့်ရှိသူ ဦးခိုင်သုခက ဖေဖော်ဝါရီ ၂၇ ရက် သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။ အဲဒီ ဖမ်းဆီးခံရသူတွေထဲမှ ၃၉၁ ဦးသာ ပြန်လွတ်မြောက်လာပြီး ၂၀၃ ဦးမှာ တရားစွဲဆိုခဲ့ပါတယ်။

တရားရင်ဆိုင်နေရတဲ့ ၂၀၃ ဦးအထဲက မတရားအသင်း ၁၇(၁)(၂)နဲ့ ရင်ဆိုင်နေရသူ ၆၁ ဦးကို သြဂုတ် ၂ ရက်က လွှတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ပြီး ၁၄၂ ဦးမှာ ဖမ်းဆီးတရားရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013