DVB Logo
Home
အားကစား
မြန်မာအသင်း တရုတ်အသင်းကို ၄ ဂိုးပြတ်ရှုံးနိမ့်
DVB
·
September 22, 2023
မြန်မာအသင်း တရုတ်အသင်းကို ၄ ဂိုးပြတ်ရှုံးနိမ့်
Donate to DVB

၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ  အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စုဒုတိယမြောက်ပွဲစဥ်ကို တရုတ်နိုင်ငံ ဟန်ကျိုးမြို့မှာ စက်တင်ဘာ ၂၁ ရက်က  ယှဥ်ပြိုင်ကစားခဲ့ရာ မြန်မာ ယူ-၂၄ အသင်းက အိမ်ရှင်တရုတ် ယူ-၂၄ အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။

အိမ်ရှင်တရုတ်အသင်းဟာ မြန်မာအသင်းကိုပွဲစကတည်းက တဖက်သတ်ဖိကစားပြီး ပထမပိုင်းမှာရရှိခဲ့တဲ့ သွင်းဂိုး ၄ ဂိုးနဲ့အတူ အနိုင်ရရှိခဲ့တာကြောင့် အုပ်စုဗိုလ်အဖြစ် နောက်တဆင့် တက်ရောက်နိုင်ခဲ့ပါတယ်။

အုပ်စုတွင်း တခြားပွဲစဥ်ဖြစ်တဲ့ အိန္ဒိယအသင်း နဲ့ ဘင်္ဂလားဒေ့ရှ်အသင်းတို့ပွဲစဥ်မှာ အိန္ဒိယအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အုပ်စု (က) မှာ တရုတ်အသင်းက ရမှတ် ၆ မှတ်နဲ့ အုပ်စုပထမ၊ အိန္ဒိယအသင်းက ရမှတ် ၃ မှတ် သွင်းဂိုးအသာဖြင့် အုပ်စု ဒုတိယ၊ မြန်မာအသင်းက ရမှတ် ၃မှတ်နဲ့ အုပ်စုတတိယ၊ ဘင်္ဂလားဒေ့ရှ်က ရမှတ်မရှိနဲ့ အုပ်စုနောက်​ဆုံးနေရာမှာ ရပ်တည်နေပါတယ်။

အာရှအားကစားအမျိုးသားဘောလုံးပြိုင်ပွဲတွင် အုပ်စု ၆ ခုမှ ပထမရ ၆ သင်း၊ ဒုတိယရ ၆ သင်း နဲ့ အကောင်းဆုံး တတိယ ၄ သင်းက နောက်တဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

မြန်မာအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဥ်အဖြစ် အိန္ဒိယအသင်းနဲ့ စက်တင်ဘာ ၂၃ ရက်နေ့ မြန်မာစံတော်ချိန် ည ၆နာရီမှာ ကစားသွားမှာဖြစ်ပါတယ်။

Photo.MFF

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013