
ယူကရိန်းနိုင်ငံကနေ ကောက်နှံတွေ တင်ဆောင်လာခဲ့တဲ့ ပထမဆုံး ကုန်တင်သင်္ဘော "Resilient Africa" ဟာ တူရကီနိုင်ငံရဲ့ ဘားစ်ဖှရပ်စ် ရေလက်ကြားကို စက်တင်ဘာ ၂၁ ရက်က ရောက်ရှိလာခဲ့ပါတယ်။
ကုန်သင်္ဘောဟာ လူသားချင်း စာနာထောက်ထားမှု စင်္ကြံကို အသုံးပြုပြီး ပင်လယ်နက်အတွင်းကို ရွက်လွှင့်လာခဲ့တာဖြစ်ပြီး ကောက်နှံ မက်ထရစ်တန်ချိန် ၃၀၀၀၀ ကို တင်ဆောင်ထားတဲ့သင်္ဘောဟာ အခုသီတင်းပတ်အတွင်း ယူကရိန်းရဲ့ ကျောနောမော့်စ်ခ် ဆိပ်ကမ်းမှ ထွက်ခွာခဲ့ကြောင်း ကိယဗ်မှ ပြောကြားခဲ့ပါတယ်။
ယူကရိန်းဟာ အာဖရိကနဲ့ အာရှဈေးကွက်တွေအတွက် သင်္ဘောတွေကို လွှတ်ပေးဖို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံတခုကို ပြီးခဲ့တဲ့လက ကြေညာခဲ့တာပါ။
ရုရှားက စစ်ပွဲကာလအတွင်း လယ်ယာထွက်ကုန် ပို့ကုန်တွေကို အာမခံချက်ပေးထားတဲ့ သဘောတူညီထားချက်ကို ဒီနွေရာသီမှာ စာချုပ်ဖျက်သိမ်းပြီးနောက် အမှန်တကယ် ပိတ်ဆို့မှု လုပ်ဆောင်မယ့် အခြေအနေကို ရှောင်ရှားနိုင်ဖို့လည်း ဖြစ်ပါတယ်။
Source/Photo-Reuters










