DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ် သတ်ဖြတ်မှုကြောင့် ပြည်သူ ၆၄ ဦးထပ်မံ သေဆုံး၊ ၄၀ ကျော် ဖမ်းဆီးခံရ
DVB
·
September 21, 2023
စစ်ကောင်စီတပ် သတ်ဖြတ်မှုကြောင့် ပြည်သူ ၆၄ ဦးထပ်မံ သေဆုံး၊ ၄၀ ကျော် ဖမ်းဆီးခံရ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၄,၀၉၈ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၄,၈၂၄ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူ တွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၂၅၂ ယောက် လက်ရှိ ချုပ်နှောင်ခံ ထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၇,၃၆၆ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်း သိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၇ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချ မှတ်ခံထားရသူ ၄၃ ယောက်အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း အယောက် ၁၅၀ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၅,၅၇၂ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၊ မှတ်တမ်းနှင့် သုတေသနဌာန က ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ စက်တင်ဘာ ၁ ရက်ကနေ ဒီက နေ့အထိ ၃ ပတ်တာအတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး ၁၀ ယောက်နဲ့ အမျိုးသား ၅၄ ယောက်၊ စုစုပေါင်း ၆၄ ယောက် သေဆုံးခဲ့ပြီး အဲဒီထဲမှာ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၂၇ ယောက် ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၃ ပတ်တာကာလအတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး ၁၀ ယောက်နဲ့ အမျိုးသား ၃၃ ယောက်၊ စုစုပေါင်း ၄၃ ယောက်ကို ဖမ်းဆီးခဲ့ပြီး ရန်ကုန်တိုင်းမှာ ၁၀ ယောက်နဲ့ အများဆုံး ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါကာလအတွင်း အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ တရားရုံးတွေကနေ မတ ရားပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ အမျိုးသမီး ၁၃ ယောက်နဲ့ အမျိုးသား ၆၂ ယောက်၊ စုစုပေါင်း ၇၅ ယောက် ရှိခဲ့ပြီး အဲဒီထဲမှာ ထောင်ဒဏ်တသက်တကျွန်းချမှတ်ခံထားရသူ ၃ ယောက်နဲ့ သေဒဏ်ချမှတ်ခံထားရသူ ၄ ယောက် ပါဝင်နေတယ်လို့ အေအေပီပီက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013