DVB Logo
Home
မြန်မာသတင်း
တလအတွင်းတိုက်ပွဲ ၄၃၀ ဖြစ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၀ နှင့် တော်လှန်ရေးရဲဘော် ၁၈ ဦး ကျဆုံး
DVB
·
September 21, 2023
တလအတွင်းတိုက်ပွဲ ၄၃၀ ဖြစ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၀ နှင့် တော်လှန်ရေးရဲဘော် ၁၈ ဦး ကျဆုံး
1 / 4
Donate to DVB

အမှတ် ၁ စစ်ဒေသ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတို့မှာ ပြီးခဲ့တဲ့ ဩဂုတ် တလတာအတွင်း  တိုက်ပွဲအကြိမ်ရေ ၄၃၀ ထိ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် ဘက်က အယောက် ၃၃၀ သေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ၁၈ ယောက် ကျဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

အဆိုပါ တိုက်ပွဲတွေကိုတော့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသကွပ်ကဲမှုအောက်က PDF၊ ပကဖနဲ့ EROs ပူးပေါင်းအဖွဲ့တွေက ဆင်နွှဲခဲ့ကြတာဖြစ်ပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဘက်က ပစ်ခတ်တိုက်ခိုက်မှု ၁၈၉ ကြိမ်၊ မိုင်းဆွဲ တိုက်ခိုက်မှု ၁၁၁ ကြိမ်၊ ဒရုန်းနဲ့တိုက်ခိုက်မှု ၆၅ ကြိမ် ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေအတွင်း စစ်အုပ်စုဘက်က ၄၅၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ ၅၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်လက်နက်ပစ္စည်းတွေ သိမ်းဆည်းရရှိမှုအနေနဲ့ကတော့ လက်နက်မျိုးစုံ ၈ လက်၊ ဒ ရုန်း ၄  စီး အပါအဝင် ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းဆည်းရမိခဲ့တယ်လို့ လည်း NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စက်တင်ဘာ ၂၀ ရက် မနေ့က တရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင် အယောက် ၄၀ နီးပါး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ အရေအတွက်ကတော့ ၂၂ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာတော့ အကြမ်းဖက် စစ်ကောင်စီတပ်တွေကို Cobra Column 2 အဖွဲ့က တိုက်ခိုက်ခဲ့သလို တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေကို PDF တို့က ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်နဲ့ ဝိုင်းမော်မြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်တွေကို တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ကြပြီး ဖားကန့်မြို့နယ်မှာလည်း အကြမ်းဖက် စစ်ကောင်စီတပ်တွေကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက် တိုက်ခိုက်ခဲ့ကြတာပါ။

ဒါ့အပြင် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေနဲ့ TNLA တို့ တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့ပြီး မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာတော့ အကြမ်းဖက် စစ်ကောင်စီတပ်တွေက လေကြောင်းနဲ့ ၃ ရက်ဆက်တိုက် ဗုံးကြဲခဲ့ကြတယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာတော့ အကြမ်းဖက် စစ်ကောင်စီတပ်တွေနဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေကို PDF တို့က ဒရုန်းလေယာဉ်ငယ်နဲ့ ဗုံးကြဲခဲ့ကြတယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

NUG အစိုးရကတော့ အစိုးရဖွဲ့စည်းတဲ့ ၂ နှစ်တာ ကာလအတွင်း နိုင်ငံတဝန်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၂၉၃ ရင်း စုဖွဲ့တည်ဆောက်နိုင်ခဲ့ပြီး တပ်ရင်းအဖြစ် အသိအမှတ်ပြုဖို့ စိစစ်ဆဲတပ်ရင်း ၆၈ ရင်းနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကို မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ ဖွဲ့စည်းနိုင်ခဲ့ပြီလို့ ပြောပါတယ်။

ဒါ့အပြင် ၂ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံအနှံ့ တိုက်ပွဲအကြိမ်ရေ ၉,၉၀၀ လောက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၂ ရာခိုင်နှုန်းကျော် ပမာဏဖြစ်တဲ့ အယောက် ၃၀,၀၀၀ လောက်ထိ ချေမှုန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အ တွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013