DVB Logo
Home
မြန်မာသတင်း
လှည်းကူး ဒေသခံ ၁,၀၀၀ နီးပါး ရေဘေးသင့်၊ စပါးခင်းများ ရေနစ်မြုပ်
DVB
·
September 21, 2023
လှည်းကူး ဒေသခံ ၁,၀၀၀ နီးပါး ရေဘေးသင့်၊ စပါးခင်းများ ရေနစ်မြုပ်
1 / 3
Donate to DVB

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ငမိုးရိပ်ချောင်းရေ မြင့်တက်ပြီး အနိမ့်ပိုင်းနေရာတွေမှာ ရေကြီးရေလျှံကာ ဒေသခံတွေ ရေးဘေးသင့် ၊ စပါးခင်းတွေရေနစ်မြုပ်နေတယ်လို့  ပရဟိတအဖွဲ့တွေထံက သိရပါတယ်။

လှည်းကူးမြို့နယ်မှာ စက်တင်ဘာ ၁၈ ရက်ကစပြီး ငမိုးရိပ်ချောင်းရေ တက်တာ​ကြောင့် စျေးကြီး၊ အောင်မင်္ဂလာပါ၊ ရိပ်သာ၊ မြို့မရပ်ကွက်တွေနဲ့ ဖောင်ကြီးအရှေ့ကျေးရွာတွေရှိ အိမ်ခြေ ၂၀၀ က လူဦးရေ ၁,၀၀၀ နီးပါး ရေဘေးသင့်နေရပါတယ်။

လှည်းကူးမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးက “ခုလက်ရှိတော့ ရေဘေးရှောင်စခန်းရယ် ဆိုပြီးတော့ သီးသန့်မဖွင့်ထားပါဘူး။ ရေမြုပ်နေတဲ့အိမ်တွေက သူတွေက ရေမမြုပ်တဲ့ အိမ်တွေမှာ ပေါင်းနေဖို့ ကျ​မတို့ ရွှေ့ပေးနေပါတယ်။ အိမ်တလုံးလုံးမြုပ်တဲ့အိမ်က သူတွေကတော့ ဘောလုံးကွင်းမှာနေဖို့ ရွှေ့ပြောင်းနေပါတယ်။ ရေများတော့ ချက်စားဖို့လည်း အဆင်မပြေတော့ မြို့ပေါ်ရပ်ကွက်က ရေဘေးသင့်သူဦးရေ ၇၀၀ ကျော်အတွက် အစားအသောက်တွေ​တော့ ကျမတို့ စီစဥ်ပေးနေပါတယ်။ လတ်တလော ရေက နည်းနည်းပြန်ကြပေမဲ့ စိုးရိမ်စရာ အခြေအနေတော့ ရှိနေပါသေးတယ်” လို့ ပြောပါတယ်။

လှည်းကူး စခန်းကြီးကျေးရွာ ကံ့ကော်ကျွန်းနဲ့ ကလီထော်ရွာဘက်ရှိ စပါးစိုက်ခင်းတွေမှာ ငမိုးရိပ်ရေလှောင်တမံ ရေပိုလွှဲကကျတဲ့ ရေ​တွေကြောင့် လယ်တွေရေမြုပ်ပြီး စပါခင်းတွေ ပျက်စီးနေတယ်လို့ စပါးစိုက်တောင်သူတွေက ပြောပါတယ်။

လှည်းကူး စခန်းကြီးကျေးရွာ ကံ့ကော်ကျွန်းရှိ တောင်သူတဦးက “ငမိုးရိပ်ရေလှောင်တမံ ရေပိုလွှဲကရေတွေ ဒီရေလိုပဲဝင်တာ၊ စပါးခင်းတွေ အကုန်မြုပ်။ အခုကျတော့ ငြိမ်နေတယ်၊ ထပ်မတက်ဘူး၊ ကျလည်းမကျဘူး။ စပါးက မကြာခင်ပေါ်တော့မှာ၊ အပွင့်တောင် ပွင့်နေပြီ။ ရေကျရင်တောင် စပါးက အဖျင်းတွေပဲရတော့မှာ။ ရေပြန်မကြဘဲ ပိုကြာနေမယ်ဆိုရင် ရိပြီး ပျက်စီးသွားတော့မှာပါ” လို့ ပြောပါတယ်။

လှည်းကူးမြို့ရှိ ငမိုးရိပ်ရေလှောင်တမံရဲ့ သတ်မှတ်ထားတဲ့ ရေပြည့်မှတ်မှာ ၁၀၇ ပေရှိပြီး ဒီနေ့ တမံရေမှတ်မှာ ၁၀၉ ဒသမ ၈ ပေရှိတာကြောင့် ရေပိုလွှဲမှ ရေ ၂ ဒသမ ၈ ပေ ကျော်နေတယ်လို့ ငမိုး​ရိပ်ရေလှောင်တမံ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇူလိုင်လကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လှည်းကူးမြို့အတွင်း ရေဝင်ရောက်မှု ရှိခဲ့တယ်လို့ ဒေသခံ ပရဟိတအဖွဲ့ထံက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013