DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံသားများ ထိုင်းကွန်ဒို ဘတ် ၁,၂၇၄ သန်းဖိုး ဝယ်ယူ
DVB
·
September 21, 2023
မြန်မာနိုင်ငံသားများ ထိုင်းကွန်ဒို ဘတ် ၁,၂၇၄ သန်းဖိုး ဝယ်ယူ
Donate to DVB

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေ အများအပြား ကွန်ဒိုတိုက်ခန်းတွေ ဈေးကြီးပေး ဝယ်ယူနေထိုင်နေကြရာမှာ မြန်မာနိုင်ငံသားတွေလည်း ၂၀၂၃ ခုနှစ် ၆ လအတွင်း ဘတ်သန်းပေါင်း ၁,၂၇၄ သန်းဖိုး ဝယ်ယူခဲ့တယ်လို့ BTimes ထိုင်းစီးပွားရေးသတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေ ကွန်ဒိုတိုက်ခန်းဝယ်ယူမှု တိုးတက်လာကြောင်း၊ ဒါပေမဲ့ ကိုဗစ်-၁၉ မဖြစ်ခင် ကာလထက်တော့ လျော့နည်းနေသေးတယ်လို့ ထိုင်းနိုင်ငံ အိမ်ခြံမြေ သတင်းအချက်အလက်စင်တာ (REIC) ရဲ့ ညွှန်ကြားရေးမှူး နိုင်းဝိချိုင်း ဝိရတ်တကဖန်းက သတင်းထောက်ကို ပြောပါတယ်။

အခုနှစ် ၆ လပတ် စာချုပ်အရ နိုင်ငံခြားသားတွေကို ထိုင်းတနိုင်ငံလုံးက ကွန်ဒိုမီနီယံ တိုက်ခန်းပေါင်း ၇,၃၃၈ ခန်းနဲ့ စုစုပေါင်း ဘတ် ၃၅,၂၁၁ သန်း ပိုင်ဆိုင်ခွင့် အမည်လွှဲပြောင်းပေးခဲ့ရပြီး အဲဒီထဲမှာ တရုတ်နိုင်ငံသားတွေက ကွန်ဒိုတိုက်ခန်းပေါင်း ၃,၄၄၈ ခန်း (တန်ဖိုး ဘတ်သန်းပေါင်း ၁၆,၉၉၂ သန်း) နဲ့ အများဆုံး ဝယ်ယူခဲ့ကာ ၄၈ ဒသမ ၃ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒုတိယအများဆုံးမှာ ရုရှားနိုင်ငံသားတွေဖြစ်ပြီး ဘတ်သန်းပေါင်း ၂,၅၅၆ သန်း၊ တတိယအများဆုံး အမေရိကန် ဘတ်သန်းပေါင်း ၁,၂၈၉ သန်း၊ စတုတ္ထမှာ အင်္ဂလန်နိုင်ငံသား ၁,၂၈၇ သန်းနဲ့ ပဥ္စမအများဆုံးက မြန်မာနိုင်ငံသား ဘတ်သန်းပေါင်း ၁,၂၇၄ သန်းဖိုး ဝယ်ယူခဲ့တာလို့ ဆိုပါတယ်။

ဒီနှစ်ရဲ့ ပထမနှစ်ဝက်အတွင်း ကွန်ဒိုတိုက်ခန်းဝယ်ယူမှု အများဆုံးဒေသတွေကတော့ ချွန်းပူးရီးခရိုင် ၄၃ ဒသမ ၄ ရာခိုင်နှုန်း၊ ဘန်ကောက် ၃၇ ဒသမ ၇ ရာခိုင်နှုန်းဖြစ်ကြောင်း၊ လွန်ခဲ့တဲ့ ၄ နှစ် ကာလတွေမှာတော့ ဘန်ကောက်က အများဆုံး၊ အဲဒီနောက် ချွန်းပူးရီးနဲ့ ဖူးကက်ခရိုင်တို့ ဖြစ်ကြပါတယ်။

မြန်မာနိုင်ငံသားတွေဟာ အကျယ်အဝန်း ၈၉ ဒသမ ၈ စတုရန်းမီတာရှိ ကွန်ဒိုတိုက်ခန်းကို ဘတ် ၇ သန်းအထိ ပေးဝယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

Photo-DVB

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013