DVB Logo
Home
အားကစား
ထိုင်းကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာ ရှုံးနိမ့်
DVB
·
September 21, 2023
ထိုင်းကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာ ရှုံးနိမ့်
Donate to DVB

ထိုင်းနိုင်ငံ၊ နွန်တပ်ဘူရီမြို့မှာ စက်တင်ဘာ ၂၀ ရက်က ယှဥ်ပြိုင်ကစားခဲ့တဲ့ 2023 Toyota Gazoo Racing Thailand Open ၃၂ ဦးအဆင့်မှာ မြန်မာကြက်တောင်မယ် သက်ထားသူဇာက ကမ္ဘာ့အဆင့် ၂၀၀ ကျော်တဲ့ အိမ်ရှင် ထိုင်းကြက်တောင်မယ်ကို ၂ ပွဲပြတ်နဲ့ အံ့အားသင့်ဖွယ် အရေးနိမ့်ခဲ့ပါတယ်။

ကမ္ဘာ့အဆင့် ၄၆ ရှိတဲ့ မြန်မာကြက်တောင်မယ် သက်ထားသူဇာဟာ ကမ္ဘာ့အဆင့် ၂၇၇ ရှိတဲ့ ထိုင်းကြက်တောင်မယ်ကို ၁၉-၂၁၊ ၁၃-၂၁ တို့နဲ့ ရှုံးနိမ့်ပြီး ၃၂ ဦးအဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။

ထိုင်းအိုးပင်းကြက်တောင်ပြိုင်ပွဲဟာ သက်ထားသူဇာအတွက် အခုနှစ်မှာ ၁၇ ကြိမ်မြောက် ပြိုင်ပွဲဖြစ်ပြီး အမြင့်ဆုံးအောင်မြင်မှုအဖြစ် ဆီမီးဖိုင်နယ် ၂ ကြိမ်သာ တက်ရောက်နိုင်ခဲ့ပါတယ်။

၂၀၂၃ ကမ္ဘာ​ဒီးယားဆီးဂိမ်း နှစ်ယောက်တွဲပြိုင်ပွဲမှာ သက်ထားသူဇာ မြန်မာကိုယ်စားပြုပြီး ငွေတံဆိပ်ဆု ရရှိခဲ့ပါတယ်။

သက်ထားသူဇာဟာ ပဲရစ်အိုလံပစ် ဝင်ရောက်ယှဥ်ပြိုင်နိုင်ဖို့ လိုအပ်တဲ့အမှတ်တွေ ရရှိဖို့ ပြိုင်ပွဲတွေ ဝင်ရောက်ယှဥ်ပြိုင်နေတာလို့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

Photo-Thet Htar Thuzar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013