DVB Logo
Home
မြန်မာသတင်း
ဆွမ်ပရာဘွမ်ရှိ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်ခံရ
DVB
·
September 20, 2023
ဆွမ်ပရာဘွမ်ရှိ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်ခံရ
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဆွမ်ဘရာဘွမ်-ပူတာအို လမ်းမပေါ်ရှိ စစ်ကောင်စီ တပ်စခန်းတခုကို Kagabu People's Force (KPF) နဲ့ KIA, PDF ပူးပေါင်းတပ်ဖွဲ့တို့က ဒီနေ့ စက်တင်ဘာ ၂၀ ရက် နေ့လယ် ၁၂ နာရီခွဲလောက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

ပူတာအိုခရိုင်၊ ဆွမ်ဘရာဘွမ်မြို့နယ်မှာ အခြေချထိုင်ထားတဲ့ စစ်ကောင်စီရဲ့ ဒရုခစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးရှိတယ်လို့ ရှေ့တန်းမှ အရာရှိတဦးက ပြောပါတယ်။

“စခန်းသိမ်းလိုက်ပြီ။ တိုက်ပွဲက ဒီနေ့မနက် ၇:၃၀ နာရီကနေ ၁၂:၃၀ နာရီထိ ကြာသွားတယ်။ သူတို့ဘက်က ၁၀ ယောက်ကျော် သေတယ်။ လက်နက်အများအပြား သိမ်းဆည်းလိုက်တယ်။ Kagabu People's Force) တပ်ဖွဲ့၀င်တဦးနဲ့ KIA တဦး စခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးတယ်။"

ဒရုခစခန်းသိမ်းတိုက်ပွဲမှာ Kagabu People's Force (KPF) တပ်ဖွဲ့က အဓိက ဦးဆောင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဩဂုတ် ၁၉ ရက်ကလည်း ပူတာအို မူးယစ်ရာဇာဂိုဏ်းချုပ် အဖွဲ့ကို Kagabu People's Force နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တို့က ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ပူတာအိုမြို့နယ် ဆွမ်ပီယာန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို KIA နဲ့ Putao PDF တို့က ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့လို့ စစ်ကောင်စီဘက်က တိုက်လေယာဉ်နဲ့‌ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013