DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်သား ၂ ဦး လက်နက်နှင့် အလင်းဝင်၊ KNLA က ဘတ် ၅၀,၀၀၀ ချီးမြှင့်
DVB
·
September 20, 2023
စစ်ကောင်စီတပ်သား ၂ ဦး လက်နက်နှင့် အလင်းဝင်၊ KNLA က ဘတ် ၅၀,၀၀၀ ချီးမြှင့်
Donate to DVB

လက်နက်နဲ့တကွ ပြည်သူ့ဘက် ပူးပေါင်းပါဝင်လာခဲ့တဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို ထိုင်းဘတ်ငွေ ၅၀,၀၀၀ ချီးမြှင့်ခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ထုတ်ပြန်ပါတယ်။

အသက် ၂၀ အရွယ် တပ်သား ကိုကိုနိုင်နဲ့ အိုက်လျှန်းတို့ဟာ ကော့ကရိတ်မြို့နယ်၊ ဝေါ်လေ အခြေစိုက် အာဏာသိမ်းစစ်ကောင်စီ တပ်မ ၄၄ လက်အောက်ခံ ခမရ-၅၅၆ တပ်ရင်းမှ တပ်ရင်းမှူး ဝင်းနောင်ထွန်းနဲ့ ဒု-ရင်းမှူး သက်စိုး ဦးဆောင်တဲ့ လှုပ်ရှားစစ်ကြောင်းကဖြစ်ကာ စက်တင်ဘာ ၆ ရက်မှာ KNLA တပ်မဟာ ၆၊ တပ်ရင်း ၁၀၃၊ တပ်ခွဲ ၁ ဆီ  MA-1 ၁ လက်၊ ကျည်ဘောက် ၄ ဘောက်၊ ၅.၅၆ ကျည်တောင့် ၂၃၉ တောင့်၊ အီကွေးမင့် ၁ စုံတို့နဲ့အတူ လာရောက်ပူးပေါင်းခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံတပ်က ဘယ်စစ်သားမဆို မိမိတို့တပ်ကို စွန့်ခွာကာ ကေအန်ယူ−ကရင်အမျိုးသားအစည်းအရုံးနဲ့ ပြည်သူလူထုရင်ခွင်ဆီ လက်နက်ခဲယမ်းတွေနဲ့ အတူ လာရောက်ပူးပေါင်းလာပါက နွေးထွေးစွာ ကြိုဆိုနေပြီး သူတို့ရဲ့ ရှေ့ဆက်ဘဝ ရပ်တည်နိုင်ရေးအတွက် ကူညီထောက်ပံ့ပေးသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ် ရှေ့တန်းစခန်းတွေ၊ ဖိအားပေး စေခိုင်းခံရတဲ့ ရဲစခန်းတွေ အများစုမှာတော့ အလုပ်ပင်ပန်းတာ၊ ခြိမ်းခြောက် အကျပ်ကိုင်ခံရတာတွေကြောင့် တပ်နဲ့ ရဲဘက်ကနေ စွန့်ခွာချင်နေတဲ့ တပ်မတော်သား စစ်သည်တွေ၊ ရဲဝန်ထမ်းတွေလည်း တနေ့တခြား ပိုပြီးတော့ များပြားလာနေတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီ ရှိနေပြီမို့ ကျန်ရှိနေသေးတဲ့ ရဲဘော်တွေအနေနဲ့လည်း အမြင်မှန်ရကာ ပြည်သူနဲ့ ပူးပေါင်းကြဖို့လည်း NUG အစိုးရ အပါအဝင် တော်လှန်ရေးအင်အားစုတွေက မေတ္တာရပ်ခံ သတိပေးထားပါတယ်။

NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကတော့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ကနေ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ သားကောင်းတွေကို နွေးထွေးစွာ ကြိုဆိုနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြည်သူ့ဘက် ရပ်တည်ကူးပြောင်းလိုတာ၊ ဒါမှမဟုတ် တပ်တွင်းသတင်းပေး ဖရဲသီးအဖြစ် ရပ်တည်လိုတဲ့ တပ်မတော်သားတွေအနေနဲ့ နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတွေ၊ စစ်ကြောင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကို ဆက်သွယ်နိုင်သလို ပြည်သူ့ရင်ခွင်ခိုလှုံရေး Telegram Channel @MyanmarPeople ကတဆင့်လည်း ဆက်သွယ်ချိတ်ဆက် ဆောင်ရွက်နိုင်တယ်လို့လည်း ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013