DVB Logo
Home
နိုင်ငံတကာ
အနိမ့်ဆုံးလုပ်အားခ ဘတ် ၄၀၀ တိုးမြှင့်ပေးမည်ဟု ထိုင်းဝန်ကြီးချုပ်ပြော 
DVB
·
September 20, 2023
အနိမ့်ဆုံးလုပ်အားခ ဘတ် ၄၀၀ တိုးမြှင့်ပေးမည်ဟု ထိုင်းဝန်ကြီးချုပ်ပြော 
Donate to DVB

 

ဖွေ့ထိုင်းပါတီအနိုင်ရအစိုးရ ဖြစ်လာပါက နေ့တွက်လုပ်အားခ တစ်နေ့ကို ဘတ် ၆၀၀ ပေးမယ်လို့ ပါတီမဲဆွယ်စဉ်က ပြည်သူတွေကို ကတိပေးထားပေမဲ့  ကနဦးမှာ ဘတ် ၄၀၀ ကနေ စတင်တိုးမြှင့်ပေးမယ်လို့  ဝန်ကြီးချုပ် ဆေထာ ထဝီးဆင်က ပြောပါတယ်။ 

နေ့တွက်လုပ်အားခ တိုးမြင့်ပေးဖို့ စက်မှုလက်မှုလုပ်ငန်းရှင် ၊ SME အသေးစားလုပ်ငန်းရှင် ၊ အလုပ်သမားကိုယ်စားလှယ်နဲ့ အစိုးရတို့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပြီး Road Map ချကာ ခုလာမယ့် နိုဝင်ဘာနဲ့ ဒီဇင်ဘာလထဲမှာ ပြဋ္ဌာန်းချက်ထုတ်ပြန်မယ်လို့ဆိုပါတယ်။

လာမယ့်  ၂၀၂၄ ဇန်နဝါရီ နှစ်ဆန်းပိုင်းမှာ နှစ်သစ်ကူးလက်ဆောင်အနေနဲ့  အနိမ့်ဆုံး နေ့တွက်လုပ်အားခ ဘတ် ၄၀၀ ပေး နိုင်မယ်လို့ မျှော်လင့်ကြောင်း  ဝန်ကြီးချုပ်လည်းဖြစ် ဆေထာ ထဝီးဆင်က စက်တင်ဘာ ၁၈ ရက် “ Thairath Forum 2023 ” ဆွေးနွေးပွဲမှာ ပြောကြားပါတယ်။ 

ဒါ့အပြင် လျှပ်စစ်မီတာခကို မူလ ၁ ယူနစ်လျှင်  ၄ ဒသမ ၄၄ ဘတ်ကနေ ၄ ဒသမ ၁၀ ဘတ်ထိ ဒီစက်တင်ဘာလမှာ လျှောချပေးခဲ့ပြီး  လျှပ်စစ်ဦးစီးဌာနနဲ့ ထပ်မံဆွေးနွေးတိုင်ပင်ကာ ၃ ဒသမ ၉၉ ဘတ်ထိ လျှော့ချပေးဦးမှာဖြစ်ကြောင်း ၊ ခုလာမယ့်နိုဝင်ဘာလမှာ စတင်အကျုံးဝင်မယ်လို့ ဝန်ကြီးချုပ်က ဆက်ပြောပါတယ် ။

နိုင်ငံ့စီးပွါးရေး GDP  ၅ ရာခိုင်နှုန်းထိ တိုးတက်ဖို့ ရည်ရွယ်ထားပြီး ခရီးသွားလုပ်ငန်း ဝင်ငွေတိုး ဖို့အတွက် ပြည်ဝင်ခွင့်ဗီဇာများ ဖြေလျော့ပေးတာ၊ ကမ္ဘာလှည့်ခရီးသွားတွေ ဆွဲဆောင်နိုင်မယ့် လည်ပတ်စရာတွေ ပြင်ဆင်တာတွေ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ 

ပြည်တွင်းစီးပွါးရေးတိုးမြှင့်ဖို့အတွက် အစိုးရက ပြည်သူတွေရဲ့  ၀င်ငွေတိုးရေးနဲ့ ဝယ်ယူနိုင်စွမ်း အားတိုးမြင့်ရေး နှစ်ခုစလုံးကို လုပ်ဖို့ စီစဉ်နေကြောင်း ၊ ပို့ကုန်ဈေးကွက်သစ်တွေ ဖွင့်လှစ် ပေးခြင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဆွဲဆောင်တာအပါအဝင် စီးပွားရေးကို အလုံးစုံ မြှင့်တင်သွားမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ 

ကိုဗစ်-၁၉ ကာလစီးပွါရေး းထိခိုက်ခဲ့ရတဲ့ SME အသေးစားလုပ်ငန်းတွေကို မြှင့်တင်တာ၊ တောင်သူလယ်သမားတွေရဲ့ အမတော်ကြေးငွေ ၃ နှစ် ဆိုင်းငံ့ပြီး တောင်သူလယ်သမားတွေဟာ ၄ နှစ်အတွင်းမှာ ဝင်ငွေ ၃ ဆတိုးစေရမယ်လို့လည်း ဖွေ့ထိုင်းပါတီအစိုးရ  စီးပွားရေးမူဝါဒမှာ ချမှတ်ထားပါတယ်။ 

ဒါ့အပြင် အသက် ၁၆ နှစ်ပြည့်သူ ထိုင်းနိုင်ငံသားတိုင်းကို ဘတ်ငွေ ၁၀၀၀၀ စီ ဒီဂျစ်တယ်လ် ( Digital wallet ) ငွေဖြည့်ပေးမယ်၊ လာမယ့် ၂၀၂၃ ဧပြီလမတိုင်ခင် ရစေရမယ်လို့လည်း ဖွေ့ထိုင်း ပါတီအစိုးရက ကတိပေးထားပါတယ်။ 

SOURCE -BANGKOK BIZ NEWS/ THAIRATH

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013