DVB Logo
Home
နိုင်ငံတကာ
ရုပ်ကြွင်းလောင်စာအသုံးပြုမှု အဆုံးသတ်ရန် ကမ္ဘာ့ခေါင်းဆောင်များကို ဆန္ဒပြတောင်းဆို
DVB
·
September 18, 2023
ရုပ်ကြွင်းလောင်စာအသုံးပြုမှု အဆုံးသတ်ရန် ကမ္ဘာ့ခေါင်းဆောင်များကို ဆန္ဒပြတောင်းဆို
Donate to DVB

ဆန္ဒပြသူ ထောင်ပေါင်းများစွာဟာ ဒီသီတင်းပတ်အတွင်း ကုလသမဂ္ဂ အထွေထွေညီလာခံ မတိုင်မီ စက်တင်ဘာ ၁၇ ရက်က “ရာသီဥတု ရက်သတ္တပတ်” လှုပ်ရှားမှု စတင်ခဲ့ကြပြီး ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကို အဆုံးသတ်ဖို့  နယူးယောက်မြို့ မန်ဟက်တန်ရဲ့ လမ်းတွေပေါ်မှာ သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို  တောင်းဆိုပါတယ်။

ကမ္ဘာကို ပူနွေးလာစေဖို့ တွန်းအားပေးတယ်လို့ ယူဆရတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အသုံးပြုမှုကနေ ကမ္ဘာကိုကယ်တင်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေအတွက် သတင်းစကား ပေးပို့ခဲ့တာလည်း ဖြစ်ပါတယ်။

ဆန္ဒပြပွဲတခုမှာ ဒီမိုကရက်တစ်ပါတီ အမေရိကန် ကိုယ်စားလှယ် Alexandria Ocasio-Cortez က ဘိုင်ဒင်နဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို ကမ္ဘာတဝန်းမှာရှိတဲ့ ရုပ်ကြွင်းလောင်စာအသုံးပြုမှုကို အဆုံးသတ်ဖို့ တောင်းဆိုခဲ့ပါတယ်။

တနင်္ဂနွေနေ့က ဆန္ဒပြပွဲတွေဟာ  နိုင်ငံတကာက ရာသီဥတုပြောင်းလဲမှုအရေးလှုပ်ရှားတဲ့ အဖွဲ့တွေရဲ့ သီတင်း တပတ်ကြာကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။ အမေရိကန်၊ ဂျာမနီ၊ အင်္ဂလန်၊ တောင်ကိုရီးယား၊ အိန္ဒိယတို့ အပါအဝင် နိုင်ငံပေါင်း ၅၄ နိုင်ငံက ဆန္ဒပြမှုပေါင်း ၅၀၀ ကျော် အစီအစဉ်ဟာ ရာသီဥတုပြောင်းလဲမှုကို တွန်းအားပေးဖို့နဲ့ ကမ္ဘာကြီးပူနွေးလာမှုကို ရပ်တန့်ဖို့ ရည်ရွယ်ထားပါတယ်။

ဒီဆန္ဒပြပွဲတွေကို လူပေါင်း တသန်းကျော် လာရောက်ပူးပေါင်းလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ပွဲစီစဉ်သူတွေက မျှော်မှန်းထားပါတယ်။

ရုပ်ကြွင်းလောင်စာတွေ လောင်ကျွမ်းခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေဟာ ကမ္ဘာကြီးကို ပူနွေးစေပြီး ပိုမိုပြင်းထန်တဲ့ ဟာရီကိန်းမုန်တိုင်းတွေ၊ အပူလှိုင်းတွေ၊ ရေကြီးတာ၊ တောမီးနဲ့ မိုးခေါင်တာတွေ စတဲ့ ပြင်းထန်တဲ့ ရာသီဥတုကို ဖြစ်စေတယ်လို့ သိပ္ပံပညာရှင်တွေက လက်ခံထားကြတာပါ။

ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချတာကို ရာသီဥတုဖောက်ပြန်မှု လျှော့ချရာမှာ အဓိက အစိတ်အပိုင်းအဖြစ် ရှုမြင်ကြပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013