DVB Logo
Home
မြန်မာသတင်း
ဆမီးမြို့ ယာယီရဲစခန်းမှူးကို လက်နက်ကိုင်တပ်ဖွဲ့တခုက ဖမ်းဆီး
DVB
·
September 18, 2023
ဆမီးမြို့ ယာယီရဲစခန်းမှူးကို လက်နက်ကိုင်တပ်ဖွဲ့တခုက ဖမ်းဆီး
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ ယာယီရဲစခန်းမှူးကို လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီးသွားတယ်လို့  မြို့ခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၁၆ ရက် ည ၈ နာရီလောက်မှာ ဆမီးမြို့ အမှတ် ၂ ရပ်ကွက်က သူ့ရဲ့မိန်းမ ပိုင်ဆိုင်တဲ့ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေချိန် လက်နက်ကိုင်အဖွဲ့အစည်းတခုက ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ ယာယီရဲစခန်းမှူးဟာ အသက် ၃၈ နှစ်ဝန်းကျင်ရှိ ဒုရဲအုပ် နိုင်ဇော်အောင် ဖြစ်ပြီး ဆမီးဗျူဟာမှူးရဲ့ လူယုံတယောက် ဖြစ်တယ်လို့လည်း သိရပါတယ်။

ဖမ်းဆီးခံရတဲ့ ယာယီစခန်းမှူးဟာ မန္တလေးမြို့ဇာတိဖြစ်ပြီး ဆမီးရဲစခန်းမှာ စခန်းမှူးမရှိလို့ ယာယီရဲစခန်းမှူးအဖြစ် တာဝန်ယူထားသူ ဖြစ်ပါတယ်။

ယာယီစခန်းမှူးဟာ ဆမီးမြို့မှာ နာမည်ဆိုးနဲ့ ကျော်ကြားသူဖြစ်ပြီး ဗျူဟာမှူးအရှိန်နဲ့ မြို့ခံတွေကို အနိုင်ကျင့်လေ့ရှိကာ အမှုတွေမှာ ငွေညှစ်တာတွေလုပ်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မြို့ခံတဦးက “သူက ဆမီးမှာ နာမည်ကြီးပေါ့၊ မြို့ကလူတွေနဲ့ အဆင်မပြေဘူး၊ ဗျူဟာမှူးအရှိန်နဲ့ မြို့ကလူတွေကို အနိုင်ကျင့်တယ်” လို့ ပြောပါတယ်။

ယာယီစခန်းမှူးကို ဘယ်အဖွဲ့အစည်းက ဖမ်းဆီးတယ် ဆိုတာကိုတော့ အခုအချိန်ထိ မသိရသေးပါဘူး။

ယာယီစခန်းမှူး အဖမ်းခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြို့ခံတဦးကို ရဲစခန်းထဲမှာ ဖမ်းဆီးထားတာ အခုအချိန်ထိ လွတ်မြောက်လာခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ပလက်ဝမြို့နယ် ဆမီးမြို့ဟာ ချင်းအမျိုးသားတပ်မတော် CNA နဲ့ CDF-ပလက်ဝတပ်ရင်း-၁ တို့ စစ်ရေးလှုပ်ရှားရာ နယ်မြေလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013