DVB Logo
Home
နိုင်ငံတကာ
အလုပ်သမားများ ဆန္ဒပြခဲ့သည့် ဩစတြေးလျ LNG သဘာဝဓာတ်ငွေ့စက်ရုံ ပြန်လည်ပတ်
DVB
·
September 18, 2023
အလုပ်သမားများ ဆန္ဒပြခဲ့သည့် ဩစတြေးလျ LNG သဘာဝဓာတ်ငွေ့စက်ရုံ ပြန်လည်ပတ်
Donate to DVB

အလုပ်သမားဆန္ဒပြမှုတွေဖြစ်ပွားခဲ့တဲ့ ဩစတြေးလျနိုင်ငံ အနောက်ဘက်ခြမ်းရှိ  Wheatstone သဘာဝဓာတ်ငွေ့ LNG စက်ရုံကို အပြည့်အဝ ပြန်လည် လည်ပတ်နေပြီလို့  ရှယ်ဗရွန် ကုမ္ပဏီက စက်တင်ဘာ ၁၈ ရက်မှာ ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့တပတ်က Wheatstone သဘာဝဓာတ်ငွေ့စက်ရုံဟာ အလုပ်သမား ဆန္ဒပြမှုတွေကြောင့် ထုတ်လုပ်မှု ၅ ပုံ ၂ ပုံ လျှော့ ချခဲ့ရတာပါ။

တကမ္ဘာလုံးရဲ့ သဘာဝဓာတ်ငွေ့ LNG ထုတ်လုပ်မှုငါးရာခိုင်နှုန်းကျော်ထုတ်လုပ်ပေးနေတဲ့   ရှယ်ဗရွန်ရဲ့ Gorgon နဲ့ Wheatstone LNG စက်ရုံက အလုပ်သမားတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ  ၂၄ နာရီ ကြာ သပိတ်မှောက်မှုကို စတင်ခဲ့တာဖြစ်ပြီး ၆ ရက်အကြာမှာတော့ ခေတ္တရပ်နားခဲ့ရတဲ့ အလုပ်တွေနဲ့ တချို့ အလုပ်တွေက အတားအဆီး အကန့်အသတ်တွေ မြင့်တက်လာခဲ့တာပါ။

လုပ်ငန်းစတင်ဖို့အလုပ်သမားတွေ ပိုမိုလိုအပ်တာကြောင့် အခုလို ပြတ်တောက်မှုတွေ ဖြစ်နေချိန်မှာ သပိတ်မှောက်တာဟာ အထိရောက်ဆုံး ဖြစ်လိမ့်မယ်လို့ လေ့လာသုံးသပ်သူတွေက  ပြောပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ လုပ်ခလစာနဲ့ အလုပ်သမားဆန္ဒပြမှုဖျက်သိမ်းပေးဖို့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အငြင်းပွားမှုမှာ ကြားဝင်ဆောင်ရွက်ပေးဖို့ ရှယ်ဗရွန်က သြစတြေးလျနိုင်ငံရဲ့ စက်မှုလုပ်ငန်းဆိုင်ရာခုံရုံးဖြစ်တဲ့ Fair Work ကော်မရှင်ကို  တောင်းဆိုထားပါတယ်။  ဒီအငြင်းပွားမှုကို ကော်မရှင်က စက်တင်ဘာ ၂၂ ရက်မှာ ကြားနာမှာလည်း ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013