DVB Logo
Home
နိုင်ငံတကာ
တူရကီတွင် တက်စ်လာစက်ရုံဆောက်ရန် သမ္မတနှင့် အီလွန်မတ်စ်ခ် ဆွေးနွေး
DVB
·
September 18, 2023
တူရကီတွင် တက်စ်လာစက်ရုံဆောက်ရန် သမ္မတနှင့် အီလွန်မတ်စ်ခ် ဆွေးနွေး
Donate to DVB

တူရကီနိုင်ငံမှာ တက်စ်လာကားစက်ရုံတည်ဆောက်ဖို့ တူရကီသမ္မတ တာရစ်အာဒိုဝမ်က တက်စ်လာကုမ္ပဏီရဲ့ စီအီးအို အီလွန်မတ်စ်ခ်ကို နယူးယောက်မှာတွေ့ဆုံစဉ် မေးမြန်းခဲ့တယ်လို့ နိုင်ငံရဲ့ ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံးက စက်တင်ဘာ ၁၈ ရက်မှာ ပြောကြားပါတယ်။

ကားပစ္စည်းထုတ်လုပ်ပေးပို့တဲ့  တူရကီကုမ္ပဏီအများအပြားဟာ တက်စ်လာနဲ့ အစောပိုင်းကတည်းက အတူ လက်တွဲလုပ်ဆောင်နေပြီဖြစ်ပြီး တူရကီဟာ နောက်ထပ် စက်ရုံတည်ဆောက်ဖို့ အလားအလာအရှိတဲ့ အရေးပါဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေတယ်လို့ မတ်စ်ခ်က တုံ့ပြန်ခဲ့ကြောင်း ညွှန်ကြားရေးမှူးရုံးက ပြောပါတယ်။

အာဒိုဝမ်နဲ့ အီလွန်မတ်စ်ခ်တို့ဟာ နယူးယောက်မြို့က မိုးမျှော်တိုက် အဆောက်အဦအနီး တူရကီအိမ်တော်မှာ တွေ့ဆုံခဲ့တာဖြစ်တယ်လို့ တူရကီနိုင်ငံပိုင် Anadolu သတင်းအေဂျင်စီက ဖော်ပြထားပါတယ်။

တူရကီသမ္မတဟာ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ဖို့ အမေရိကန်ကို  ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013