DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်၌ ရဲအုပ် ၁ ဦး ပစ်သတ်ခံရ
DVB
·
September 18, 2023
ရေးမြို့နယ်၌ ရဲအုပ် ၁ ဦး ပစ်သတ်ခံရ
Donate to DVB

တနင်္သာရီတိုင်း၊ ရေးမြို့နယ်၊ အောင်သုခရပ်ကွက်မှာ စက်တင်ဘာ ၁၈ ရက် ဒီနေ့မနက် ၁၀ နာရီက သတင်းတပ်ဖွဲ့က ရဲအုပ်တယောက် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့မနက် ၁၀ နာရီက အောင်သုခရပ်ကွက်မှာ  PDF သတင်းလာယူတဲ့ ရဲအုပ်မြင့်လွင်ဟာ သတင်းယူပြီး ကားနဲ့အပြန်လမ်းမှာ ဆိုင်ကယ်တစီးပေါ်ကနေ သေနတ်နဲ့ ပစ်ခတ်သွားတာလို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သေနတ်နဲ့ပစ်သွားတာ၊ နားထင်ပွင့်ထွက်ပြီး သေသွားတယ်။ အခု တပ်ရော ရဲရော အလောင်းလာသယ်ကြတယ်။”

သေဆုံးသူမှာ ရေးမြို့နယ် သတင်းတပ်ဖွဲ့ တပ်စု ၁၁ မှ တာဝန်ခံ ရဲအုပ်မြင့်လွင်ဖြစ်ပြီး ကျည်ထိမှန်ဒဏ်ရာနဲ့ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ကားနဲ့သွားပြီး သတင်းရယူနေတဲ့အချိန် ပစ်ခံရတာ။ သတိပေးနေတဲ့ကြားက ဖြစ်တာပါ။ ၁ လပိုင်းက ရဲအုပ်တဦး အခုလိုပဲ ပစ်ခံရလို့ သေတယ်။”

လတ်တလောမှာ ရေးမြို့နယ်၊ အောင်သုခရပ်ကွက်အတွင်း စစ်ကောင်စီတပ်နဲ့ ရဲတွေက စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၉ ရက် မနက်ကလည်း ရေးမြို့နယ်၊ လမိုင်းမြို့၊ မြို့မ ၂ ရပ်ကွက်၊ လက်ဝှေ့ရုံဈေးတန်းမှာ သတင်းတပ်ဖွဲ့မှ ရဲအုပ်ညီညီလွင် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

စစ်တပ်အုပ်ချုပ်တဲ့ ၂ နှစ်တာကာလအတွင်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၆၀၅ ယောက်ရှိပြီး ဒဏ်ရာရရှိသူ ၃၈၄ ယောက်ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013