DVB Logo
Home
မြန်မာသတင်း
NUG လက်အောက်ခံတမူး PDF တပ်ရင်း စီးနင်းခံရ
DVB
·
September 18, 2023
NUG လက်အောက်ခံတမူး PDF တပ်ရင်း စီးနင်းခံရ
Donate to DVB

အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တောင်ပိုင်းမှာ အခြေချထားတဲ့ NUG လက်‌အောက်ခံ တမူး PDF တပ်ရင်း ၄ စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဒေသခံ PDF တွေက ပြောပါတယ်။

စက်တင်ဘာ ၁၆ ရက် မနက် ၈ နာရီခွဲက စစ်ကြောင်း ၃ ကြောင်းခွဲကာ ထိုးစစ်ဆင် တိုက်ခိုက်ပြီး အလစ်ငိုက်ဝင်စီးနင်းတာကြောင့် စခန်းကို စွန့်လွှတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

တမူး PDFတာဝန်ရှိသူတဦးက "စခန်းက အရာရှိတဲ ၈ လုံး မီးရှို့ခံခဲ့ရတယ်။ ကျည်တချို့လည်း ဆုံးရှုံးထားတယ်။ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ပြီး ဝင်ခဲ့တာဆိုတော့ သတင်းကြိုမသိလိုက်ရတာ" လို့ ပြောပါတယ်။

တပ်ရင်းစွန့်ခွာရစဉ်မှာပဲ စစ်တပ်လက်နက်ကြီးကြောင့် ရဲဘော် ၆ ဦး ဒဏ်ရာရရှိပြီး ဆေးကုသနေရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ တပ်ရင်းက ရဲဘော်တွေနဲ့ မိသားစုတွေဟာ ဘေးလွတ်ရာနေရာတွေမှာ တိမ်းရှောင်‌နေကြရတယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်ကလည်း ABSDF နဲ့  PDF စခန်းတွေအပါအဝင် တမူးပြည်သူ့ကာကွယ်ရေး မဟာမိတ်စခန်း ၆ ခု ကို စစ်ကောင်စီတပ်က သိမ်းပိုက်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013