DVB Logo
Home
မြန်မာသတင်း
ပြည်ပအဝယ်မရှိသဖြင့် ငရုတ်စျေးထက်ဝက်ကျော် ကျဆင်း
DVB
·
September 18, 2023
ပြည်ပအဝယ်မရှိသဖြင့် ငရုတ်စျေးထက်ဝက်ကျော် ကျဆင်း
Donate to DVB

ပြည်ပဝယ်လိုအား မရှိတာကြောင့် မြန်မာနိုင်ငံတွင်းမှာ ငရုတ်စျေးနှုန်းတွေ ထက်ဝက်ကျော်  ကျဆင်းသွားပြီး စိုက်တောင်သူတွေ အဆင်မပြေဖြစ်နေတယ်လို့ ငရုတ်စိုက်တောင်သူတွေက ပြောပါတယ်။

ကျောက်စိမ်းငရုတ်သီး ခေါ် 692 ငရုတ်သီးအစိုဟာ သြဂုတ်အစက ၁ပိဿာကို ကျပ် ၂၅၀၀ အထိရှိခဲ့ပေ​မဲ့ စက်တင်ဘာ ၁၇ ရက် စျေးအရ ၁ ပိဿာကို ကျပ် ၁၁၀၀ အထိ ကျဆင်းခဲ့ပြီး သာမို 11 ငရုတ်သီးဟာလည်း သြဂုတ်အစက ၁ ပိဿာကို ကျပ် ၅၀၀၀ အထိရှိခဲ့ပေမဲ့ စက်တင်ဘာ ၁၇ ရက်မှာ ၁ ပိဿာကို ကျပ် ၂၃၀၀ အထိ ကျဆင်းခဲ့ပါတယ်။

ငရုတ်စိုက်တောင်သူ တဦးက "ကျောက်စိမ်းငရုတ်သီးက မိုးနှောင်းလောက်စိုက်ရင် နောက်နှစ် မိုးစတာနဲ့ ခူးလို့ရပြီး။ သူက နှစ် နှစ်လောက်ထိခူးလို့ ရတယ်။ ဒီနှစ်လည်း မိုးအဝင်မှာ စခူးတဲ့ အချိန်မှာ  စျေးအရမ်းကောင်းပြီး ၁ ပိဿာကို ကျပ် ၄၀၀၀ အထိ ဖြစ်သွားတာ။ အခုတော့ ပြည်ပအဝယ် မရှိလို့ဆိုပြီး ငရုတ်စျေးတွေ ပြန်ကျသွားတယ်။ တနိုင်တပိုင်ဝင်ငွေ ရမလားဆိုပြီးစိုက်တာ အခု အမြတ်တောင်မကျန်တော့ ဆက်စိုက်ဖို့ စဥ်းစားနေရတယ်" လို့ ပြောပါတယ်။

သွင်းအားစုတွေဖြစ်တဲ့ အာမိုဓာတ်မြေသြဇာမှာ မနှစ်က ၁ အိတ် ကျပ် ၆၅၀၀၀ သာရှိပေမဲ့ အခုနှစ်မှာ ကျပ် ၁၅၀၀၀၀ အထိ မြင့်တက်လာသလို အလုပ်သမားစျေးမှာလည်း မနှစ်က ၁ ရက် လုပ်အားခ တယောက်ကို ကျပ် ၅၀၀၀ သာပေးရပေမဲ့ အခုနှစ်မှာ ကျပ် ၉၀၀၀ အထိ ပေးနေရတယ်လို့ သူကဆက်ပြောပါတယ်။

တိုက်ပွဲတွေကြောင့် လမ်းခရီးကြန့်ကြာမှုတွေ ရှိနေတဲ့အပြင် မိုးရာသီဖြစ်တာကြောင့် အပျက်အစီးများနေတဲ့အတွက် ပြည်ပအဝယ်မရှိ​ဖြစ်နေတယ်လို့ အောင်ပန်းရှိ ကုန်စိမ်းရောင်း ဝယ်သူတဦးက ပြောပါတယ်။

"မြဝတီအာရှလမ်းက တိုက်ပွဲမဖြစ်တာတောင် လမ်းခရီးကြန့်ကြာမှုတွေရှိတာ။ အခုတိုက်ပွဲက ခဏခဏ ဖြစ်နေတော့ ကားတွေက တရက်ရောက်မယ့်ခရီးကို သုံးရက်လောက် သွားနေရတယ်။ မိုးတွင်း ဖြစ်တာကြောင့်လည်း အပျက်အစီးက ပိုများတယ်။ နယ်စပ်ကုန်သွယ်ရေးကို ရောက်တော့ ငရုတ်သီးတွေက အရည်အသွေးမကောင်းတော့လို့ ဟိုဘက်က မဝယ်တော့ဘူး။ တရုတ်ကလည်း အဝယ်မရှိတာ နှစ် လလောက်ရှိနေပြီး အဲဒါကြောင့် ငရုတ်စျေးကထိုးကျနေတာ။ လက်ရှိတော့ မိုးမကုန်မချင်း တက်ဖို့ အလားအလာ မရှိတော့ပါဘူး" 

ငရုတ်သီးကို အောင်ပန်း၊​ အင်းလေ၊ ရွှေဘို၊ ပျဥ်းမနား၊ နေပြည်တော်၊ တပ်ကုန်း၊ ညောင်တုန်းနဲ့ မန္တလေးတို့မှာ အဓိကထား စိုက်ပျိုးပါတယ်။

ပြည်တွင်းမှ ထွက်တဲ့ ငရုတ်အစိုကို မြဝတီနဲ့ တာချီလိတ်မှတဆင့် ထိုင်းနိုင်ငံ၊ မူဆယ်မှ တဆင့်တရုတ်နိုင်ငံသို့ တင်ပို့သလို ရေကြောင်းကုန်သွယ်ရေးမှတဆင့် ဗီယက်နမ်နိုင်ငံသို့ တင်ပို့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013