DVB Logo
Home
မြန်မာသတင်း
ပုဂံရှေးဟောင်းဘုရား ဓမ္မရာဇကစေတီတော် မိုးကြိုးစက်ကွင်းထိမှန် 
DVB
·
September 18, 2023
ပုဂံရှေးဟောင်းဘုရား ဓမ္မရာဇကစေတီတော် မိုးကြိုးစက်ကွင်းထိမှန် 
Donate to DVB

ပုဂံ ယဉ်ကျေးမှုအမွေအနှစ်ဒေသမှာရှိတဲ့ ရှေးဟောင်းဘုရားတဆူဖြစ်တဲ့  ဓမ္မရာဇကစေတီတော်ကို စက်တင်ဘာ ၁၇ ရက်  ညနေ ၄ နာရီလောက်မှာ မိုးကြိုးစက်ကွင်းခခဲ့တယ်လို့ သိရပါတယ်။

မိုးသည်းထန် ရွာနေချိန် ညနေ ၃ နာရီ ၄၅ မိနစ်က မိုးကြိုးပစ်ခဲ့တာဖြစ်ပြီး အုတ်ချပ်တွေကွာတာ မတွေ့ရဘဲ ဘုရားကြီးရဲ့ ခေါင်းလောင်း‌တော်နဲ့ ကြာမှောက်ကြာလှန်ကြား ဖောင်းရစ်ပတ်လည်မှာ ရွှေသင်္ကန်းတွေမည်းသွားတာကို မျက်မြင်စစ်ဆေးတွေ့ရှိရပြီး တခြားအဆောက်အအုံတွေတော့ ထိခိုက်တာမရှိဘူးလို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

အဲဒီသတင်းအရ ညောင်ဦးမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲ တာဝန်ခံ ညွှန်ကြားရေးမှူးနဲ့အဖွဲ့၊ ညောင်ဦးခရိုင် စစ်ကောင်စီ ဥက္ကဋ္ဌ၊ မြို့နယ်ရဲမှူး၊ ခရိုင် သာသနာရေးမှူးတို့ သွားရောက် စစ်ဆေးခဲ့သေးတယ်လို့ ဆိုပါတယ်။

ဖွားစောရွာမှာရှိတဲ့ ဓမ္မရာဇကစေတီတော်ကို ဒေသခံတွေကတော့ ဘုရားလုံးကြီးလို့ ခေါ်ကြပြီး ခရစ်သက္ကရာဇ် ၁၁၉၈ မှာ နရပတိစည်သူမင်းက တည်ခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013