DVB Logo
Home
မြန်မာသတင်း
CDF-Kanpetlet က သိန်း ၅,၀၀၀ ကမ်ပိန်းပြုလုပ်နေ
DVB
·
September 17, 2023
CDF-Kanpetlet က သိန်း ၅,၀၀၀ ကမ်ပိန်းပြုလုပ်နေ
Donate to DVB

ချင်းပြည်နယ်၊ CDF-Kanpetlet ရဲဘော်တွေဦးစီးပြီး ဝိတိုရိယ သူရဲကောင်း စုပေါင်းအားသစ်လောင်း သိန်း ၅,၀၀၀ ကမ်ပိန်းကို သြဂုတ် ၃၁ ရက်ကနေ အောက်တိုဘာ ၁၅ ရက်ထိ ပြုလုပ်နေပါတယ်။

ကမ်ပိန်းတာဝန်ရှိသူတယောက်က “ခု ဒီကမ်ပိန်းပြုလုပ်ရခြင်းက ထိရောက်တဲ့ စစ်ဆင်ရေးတွေ ပြုလုပ်နိုင်ရန်နဲ့ ပြည်သူလူထုတရပ်လုံးရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ စောင့်ရှောက်ကာကွယ်ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ရန်ပုံငွေက သိန်း ၆၀၀ လောက်ပဲ ရသေးတာဖြစ်လို့ ဝိုင်ဝန်းကူညီကြဖို့ တောင်းဆိုချင်ပါတယ်” လို့ ပြောပါတယ်။

ကမ်ပိန်းကနေ ရရှိတဲ့ရန်ပုံငွေနဲ့ ထိရောက်တဲ့ စစ်ဆင်ရေးများ၊ စစ်ဆင်ရေးမှာလိုအပ်တဲ့ လက်နက်ခဲယမ်းတွေအတွက် အသုံးပြုသွားမှာဖြစ်တယ်လို့  ဆိုပါတယ်။

“ကျနော်တို့အနေနဲ့ လိုအပ်တဲ့ လက်နက်ခဲယမ်းတွေကိုဝယ်ယူပြီး စစ်ကောင်စီရဲ့ စစ်ကြောင်းတွေကို ထိရောက်စွာ ခုခံသွားမယ်။ စစ်ကောင်စီရဲ့ စစ်ယာဉ်တန်းနဲ့ သူတို့ရဲ့ ယာယီစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်သွားမယ်။ စစ်ကောင်စီရဲ့ အခြေချစခန်းတွေကို ထိရောက်စွာ ထိုးစစ်ဆင်မယ်။ စစ်ကောင်စီတပ်က ပြည်သူတွေကို ဓားပြတိုက် ညှင်းဆဲမှုများကို ကာကွယ်ရာမှာ ထိရောက်စွာ အသုံးပြုသွားမယ်”

ဒီ ကမ်းပိန်းအတွက် ချင်းအဆိုတော်တွေဖြစ်တဲ့ Guys From Chin ကလည်း စက်တင်ဘာ ၁၇ ရက်မှာ Music Concert အစီအစဉ်နဲ့ အားဖြည့် ပါဝင်မယ်လို့လည်း သိရပါတယ်။

CDF-Kanpetlet ရဲဘော်တွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လမှာ စစ်ကောင်စီရဲ့ ကြီးမားတဲ့ စစ်ကြောင်းကို ခုခံကာကွယ်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က အယောက် ၆၀ လောက် သေဆုံးခဲ့ပြီး ချင်းမျိုးချစ်ရဲဘော်တွေဘက်က လွတ်လပ်ရေးအတွက် ရဲဘော် ၃ ယောက် အသက်စတေးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013