
စစ်အာဏာရှင်တပ်က အရပ်သားတွေကို ပစ်မှတ်ထား အကြမ်းဖက်ဗုံးကြဲနေတာ ရပ်တန့်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး Free Her Campaign ဆန္ဒပြပွဲကို ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ ပါလီမန်ရှေ့မှာ အောက်တိုဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။
ဆန္ဒပြပွဲကို ကရင်နီ၊ ရခိုင်၊ ချင်းနဲ့ ကရင် စတဲ့ မြန်မာပြည်ဖွား တိုင်းရင်းသားတွေအပါအဝင် မဲလ်ဘုန်းရောက် မြန်မာနိုင်ငံသားတွေ တက်ရောက်ကြပြီး ဗုံးဒဏ်သင့် သေဆုံးခဲ့ကြသူတွေအတွက် စုပေါင်း ဆုတောင်းခဲ့ကြပါတယ်။
အခုလို ဆန္ဒပြပွဲတွေကို မဲလ်ဘုန်းမြို့မှာ ဆက်လက်ပြုလုပ်သွားမယ်လို့လည်း ပွဲစီစဉ်သူတွေက ပြောပါတယ်။











