DVB Logo
Home
မြန်မာသတင်း
လိုင်ဇာမြို့အနီးက စစ်တပ်စခန်းကို KIA သိမ်းပိုက်
DVB
·
September 17, 2023
လိုင်ဇာမြို့အနီးက စစ်တပ်စခန်းကို KIA သိမ်းပိုက်
1 / 2
Donate to DVB

ကချင်ပြည်နယ် ၊ လိုင်ဇာမြို့နယ်နားက စစ်ကောင်စီတပ်စခန်းကို  ကချင် လွတ်မြောက်ရေးတပ် KIA က  စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းမှာ တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ KIA ရှေ့တန်း သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။ 

KIA နဲ့ စစ်ကောင်စီတို့ နမ်ဆန်ယန်ကျေးရွာနားမှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီရဲ့ အောင်ဂျာရွာအထက်ပိုင်းမှာရှိတဲ့ စစ်တပ်စခန်းကို  KIA က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ကြောင်း ဒေသခံ တွေဆီက သိရပါတယ်။

KIA ရှေ့တန်း သတင်းရင်းမြစ်တယောက်က “မနေ့က မနက် ၆ နာရီ ၁၄ မှာ စတင် တိုက်ခိုက်တာ မနက် ၈ နာရီ ၂၀ မိနစ်နဲ့ ၂၅ မိနစ်ကြားမှာ စခန်းသိမ်းနိုင်ခဲ့တယ်” လို့  ပြောပါတယ်။ 

အဲဒီ စစ်ကောင်စီ တပ်စခန်းမှာ စစ်ကောင်စီ အင်အား ၂၀ နဲ့ ၃၀ လောက်ရှိပြီး စစ်ကောင်စီဘက်က ကျဆုံးသူရှိသလို ထွက်ပြေးတဲ့သူတွေလည်းရှိတယ်လို့ သူက ပြောပြပါတယ်။ 

အဲဒီ တပ်စခန်းဟာ ဗန်းမော် - နမ်ဆန်ယန် - လိုင်ဇာ လမ်းကြောင်းပေါ်မှာ ရှိပြီး လိုင်ဇာမြို့ အနီး နမ်ဆန်ယန်ကျေးရွာက စစ်ကောင်စီတပ်စခန်းတွေကို လက်နက် ပစ္စည်းနဲ့ ရိက္ခာထောက်ပို့ လုပ်ရာမှာ အဓိကကျတဲ့ စခန်းတခု ဖြစ်တယ်လို့လည်း ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။ 

KIA ရှေ့တန်း သတင်းရင်းမြစ်က “စခန်းသိမ်းပြီးတော့ ကျနော်တို့ဘက်က လက်နက်ခဲယမ်း ပစ္စည်း‌ကောက်သိမ်းပြီးချိန် မနက် ၉ နာရီ ၅ မိနစ်လောက်မှာ ဂျက်ဖိုက်တာ ၂ စင်းနဲ့ ဗုံး ၃ ခါလာကြဲသွားတယ်” လို့ ပြောပါတယ်။

ဒေသခံတယောက်ကလည်း စက်တင်ဘာ ၁၆ ရက်နေ့ နမ်ဆန်ယန်အနီး အောင်ဂျာရွာဘက်က တိုက်ပွဲမှာ မနက်ပိုင်းကစလို့ ည ၁၁ နာရီ ဝန်းကျင်အထိ သိရသလောက် စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ ၈ စင်းနဲ့ ၁၀ ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ 

ပြီးတော့ ခန်ကိုင် - ခလား (ခါ့လား) - ဘွမ်ရေ - ဖွန်းပျန်ဘွမ် - မုန်လိုင်ချောင်းတံတား - လဂျားယန် ခါ့ယာတောင် လမ်းကြောင်းဘက် ဗန်းမော်ဘက်က စစ်ကြောင်းထိုး အင်အား ထပ်ဖြည့်လာတာ ၁၅၂ ယောက်တိတိ ရှိတယ်လို့လည်း မျက်မြင် ဒေသခံတွေက ပြောပါတယ်။ 

ဒေသခံတယောက်ကလည်း စက်တင်ဘာ ၁၆ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်နခန့်ကစ မြစ်ကြီးနား - နမ်ဆန်ယန် - လိုင်ဇာ လမ်းကြောင်းဖြစ်တဲ့ ဒဘတ်၊ ကဇူး၊ ဂျာပူ၊ စမားလမ်းဆုံဘက် စစ်ကောင်စီ နဲ့ KIA တိုက်ပွဲပြင်းထန်လာနေတာကြောင့် လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်သံကြား‌နေရပြီး အိပ်လို့ တောင်မရဘူးလို့ ပြောပါတယ်။

မန္တလေးဘက်က ရေကြောင်းနဲ့ ဗန်းမော်ဘက်ကို လက်နက်၊ ရိက္ခာ သယ်လာတဲ့  စစ်သ‌င်္ဘော ၆ စင်းလည်း မနေ့ညက ကသာကို ရောက်နေတယ်လို့ ‌KIA ရှေ့တန်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ကချင်လွတ်မြောက်ရေးတပ် KIA ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာမြို့အနီး  မဒီးယန်ကျေးရွာ၊ နမ်ဆန်ယန်ကျေးရွာနဲ့ အောင်ဂျာကျေးရွာတို့မှာ ဇူလိုင်လပိုင်းကစတင်ပြီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်တို့ မကြာခဏ တိုက်ပွဲတွေ ဖြစ်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013