DVB Logo
Home
မြန်မာသတင်း
ဘုတလင်တွင် စစ်ကောင်စီဂိတ်ကို PDF များတိုက်ခိုက်၊ ၆ ဦးသေပြီး လက်နက်များရရှိ
DVB
·
September 17, 2023
ဘုတလင်တွင် စစ်ကောင်စီဂိတ်ကို PDF များတိုက်ခိုက်၊ ၆ ဦးသေပြီး လက်နက်များရရှိ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့အဝင်မှာရှိတဲ့ စစ်ကောင်စီလုံခြုံရေးဂိတ်ကို စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက် သေဆုံး၊ ၂ ယောက် ဒဏ်ရာရပြီး လက်နက်တွေလည်း သိမ်းဆည်း ရရှိခဲ့တယ်လို့ Freedom Revolution For အဖွဲ့ဆီက သိရပါတယ်။

FRF အဖွဲ့ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက “အခုလ အစကလည်း အဲဒီဂိတ်ကို ကျနော်တို့အဖွဲ့ ဝင်တိုက်ခဲ့သေးတယ်။ အခုက မနေ့ကတည်းက အခြေအနေ စောင့်ကြည့်ပြီး ဝင်တိုက်ခဲ့တာ။ ၄ ကောင်သေတာကို ပစ်ခတ်ချိန်မှာ မြင်ခဲ့ရတာ။ ၂ ကောင်က ဆေးရုံမှာသေတဲ့သတင်း ကြားရတယ်” လို့ ပြောပါတယ်။

အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုဟာ နာရီဝက်လောက်ကြာခဲ့ပြီး ၇၉ သေနတ် ၁ လက်၊ ၇၉ ကျည် ၇ လုံး၊ G3 သေနတ် ၁ လက်၊ G3 ကျည်ကတ် ၆ ခု၊ ၇ ဒသမ ၆၂ ကျည် အတောင့် ၁၀၀ ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကိုထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ အဲဒီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ရဲအုပ် ၁ ယောက်နဲ့ ရဲတပ်သား ၁ ယောက် သေဆုံးခဲ့ပြီး နောက်ထပ် ရဲတပ်သား ၂ ယောက်လည်း ဘုတလင်ဆေးရုံကြီးမှာ သေနတ်ကျည်ထိမှန် ဒဏ်ရတွေနဲ့ ဆေးဝါးကုသမှုခံနေရတယ်လို့ ဖော်ပြထားပြီး ဒီဗွီဘီအနေနဲ့ သေဆုံးသတင်းကို သီးခြား အတည်မပြုနိုင်သေးပါဘူး။

အဲဒီတိုက်ခိုက်မှုကို Freedom Revolution Force (FRF)၊ ရွှေဘိုခရိုင်တပ်ရင်း ၂၄၊ မဟူရာနတ်ဆိုး အဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၇ ရက်နေ့ကလည်း အဲဒီလုံခြုံရေးဂိတ်ကို FRF အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့သေးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံး၊ BA ၉၄ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Photo Freedom Revolution Force

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013