DVB Logo
Home
မြန်မာသတင်း
သထုံတွင်  အွန်လိုင်းဈေးရောင်းချသူများ မှတ်ပုံတင်ရန် အခက်ကြုံ 
DVB
·
September 17, 2023
သထုံတွင်  အွန်လိုင်းဈေးရောင်းချသူများ မှတ်ပုံတင်ရန် အခက်ကြုံ 
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့မှာ အွန်လိုင်းကနေ စားသောက်ကုန်နဲ့ အလှကုန်ပစ္စည်း ရောင်းချနေသူတွေ တပိုင်တနိုင်လက်ခွဲအဆင့်သာ လုပ်ဆောင်နေရတာကြောင့် လုပ်ငန်းမှတ်ပုံတင်လျှောက်ထားဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့  အွန်လိုင်းလုပ်ကိုင်နေသူတွေဆီက သိရပါတယ်။ 

ဇူလိုင် ၂၁ ရက်က မြန်မာနိုင်ငံမှာ အွန်လိုင်းစနစ်နဲ့ ဈေးရောင်းချတဲ့လုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်လိုက်တယ်လို့ စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက  ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင်  ဩဂုတ်လက အွန်လိုင်းဈေးကွက်အတွင်း စားသောက်ကုန်၊ ဆေးဝါး နဲ့အလှကုန်ပစ္စည်းတွေ အများပြည်သူရဲ့ ကျန်းမာရေးအတွက် ဘေးဥပဒ်မဖြစ်အောင် မှတ်ပုံတင်ရာမှာ FDA ထောက်ခံချက်ပါရှိမှသာ ထုတ်ပေးမှာဖြစ်တယ်လို့ စားသုံးသူရေးရာဦးစီးဌာနက ထပ်မံထုတ်ပြန်ခဲ့ပါတယ်။ 

သထုံမြို့အထည်နဲ့ အလှကုန်အွန်လိုင်းလုပ်ကိုင်နေသူတဦးက " ညီမတို့လုပ်နေတာက အနည်း အကျဥ်းလေးပဲ။ အခုလိုမှတ်ပုံတင်ပြီး အခွန်ခသွင်းရမယ်ဆိုတော့ စားဖို့တောင်မရတော့ဘူး။ လက်ကြီးလုပ်နေတဲ့ ဒိုင်သမားတွေနဲ့ ညီမတို့လို တပိုင်တနိုင် လုပ်နေတဲ့သူတွေကို တပြေးညီ သတ်မှတ်ရင်တော့ စျေးရောင်းနေတဲ့ Page ကိုဖျက်ပြီး လမ်းဘေးမှာပဲ ရောင်းရတော့မယ်"လို့  ​ ပြောပါတယ်။ 

ဇူလိုင် ၂၁ ရက်က စတင်ပြီး Online Shop ရောင်းသူတွေအနေနဲ့ ခြောက်လအတွင်း လုပ်ငန်းမှတ်ပုံတင်ရမှာဖြစ်ပြီး မှတ်ပုံတင်ခြင်းမရှိပဲ ဆက်လက်ရောင်းချရင် ထောင်ဒဏ် ၆ လကနေ ၃ နှစ်အထိအပြင် ငွေဒဏ် ၅ သိန်းကျပ်ပါ ချမှတ်ခံရမှာဖြစ်ပါတယ်။ 

FDA ထောက်ခံချက်ရယူရာမှာ အစားအသောက်ပေါ်မူတည်ပြီး ကုန်ကျစရိတ်ကျပ် ၁၀ သိန်းကနေ ၁၅ သိန်းခန့်အထိရှိပြီး လုပ်ငန်းအပေါ်မူတည်ပြီး လိုင်စင်သက်တမ်း ၃ နှစ်အထိရရှိပါတယ်။  

Online Shop ရောင်းချနေတဲ့ အလှကုန်နဲ့ စားသောက်ကုန်ပစ္စည်းတွေဟာ ကိုရီးယား၊ တရုတ်၊ ထိုင်းကနေ တင်သွင်းတဲ့ ကုန်ပစ္စည်းတွေ အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံ FDA  ထောက်ခံချက်မရဘူးလို့ အွန်လိုင်းဈေးရောင်းချသူတွေက ဆိုပါတယ်။

သထုံမြို့မှာ တပိုင်တနိုင် Online Shop လုပ်ကိုင်နေသူပေါင်း ၃၀ နီးပါးရှိတယ်လို့  ဒေသခံ အွန်လိုင်းဈေးရောင်းချသူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013