DVB Logo
Home
မြန်မာသတင်း
သိမ်ဇရပ်တွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေသခံ ၄ ဦး ဒဏ်ရာရ
DVB
·
September 17, 2023
သိမ်ဇရပ်တွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေသခံ ၄ ဦး ဒဏ်ရာရ
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အခြေစိုက် ခမရ ၂၀၇ နဲ့ ရဲစခန်းတို့ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ဒေသခံ ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေး အင်အားစုတွေဆီက သိရပါတယ်။

စက်တင်ဘာ ၁၅ ရက် မနက် ၈ နာရီလောက်မှာ သိမ်ဇရပ်မြို့ ခမရ ၂၀၇ က ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ဝါးဒက်ကွင်းရပ်ကွက် တောင်ဘက်ကို ကျရောက်ခဲ့ပြီး ခြံလုပ်ကိုင်ဖို့ သွားရောက်တဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသားတယောက်နဲ့ အသက် ၄၀ အရွယ် အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အသက်၄၅ နှစ်အရွယ်အမျိုးသားက ဘယ်ဘက်နဖူးဒဏ်ရာအနည်းငယ်နဲ့ ဘယ်ဘက်ကျောပြင် ဖောက်ဝင်ဒဏ်ရာကြောင့် စိုးရိမ်ရတဲ့အခြေနေမှာ ရှိတယ်လို့ သိရပါတယ်။

သိမ်ဇရပ်ရဲစခန်းကလည်း မနက် ၉ နာရီဝန်းကျင်မှာ အရှေ့အရပ်ကို ၆၀ မမ နဲ့ ပစ်ခတ်ခဲ့ပြီး အမှတ် ၁ ရွာလေး ကွက်သစ်ကို ကျရောက်ခဲ့တာကြောင့် အသက် ၁၆ နှစ်အရွယ် မိန်းကလေးတယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ညနေ ၆ နာရီဝန်းကျင်မှာလည်း သိမ်ဇရပ်ရဲစခန်းကလည်း အနောက်တောင်အရပ်ကို ပစ်ခတ်ခဲ့ပြီး ၃၄ နှစ် အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒေသခံတော်လှန်ရေးအင်အားစု တပ်ဖွဲ့ဝင်တယောက်က “အရင်နေ့က ရဲစခန်းကို ဝင်ပစ်ခဲ့လို့ ခုလို လက်နက်ကြီးရမ်းသန်းပစ်နေတာ” လို့ ပြောပါတယ်။

သိမ်ဇရပ်မြို့ ဒေသခံတယောက်က “လက်နက်ကြီးကတော့ အမြဲတမ်းလိုလို ပစ်နေတာပါ။ လက်နက်ကြီးသံကို ကိုယ့်အိမ်ကနေကြားရတော့ ဘယ်အချိန် ကိုယ့်ဆီလာကျမလဲ ဆိုတဲ့ စိုးရိမ်စိတ်နဲ့ နေနေရပါတယ်” လို့ ပြောပါတယ်။

သိမ်ဇရပ်မြို့မှာ စက်တင်ဘာ ၁၅ ရက်နေ့ကလည်း စစ်တပ်ဘက်က လက်နက်ကြီးရမ်းသန်းပစ်ခတ်ခဲ့လို့ ဝါးဒတ်ကွင်း ကျောင်းသစ်ကျောင်းဝင်းမှာ ကျည် ၁ လုံးနဲ့ ကုန်စုံဆိုင်နားမှာ ၁ လုံး ကျရောက်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013